ဖြေကြားချက် ၂ ခု
တစ်လသား ကွမ်းပင်လေးများ လေဒဏ်ခံနိုင်ပြီး အမြစ်တွယ်လွယ်စေရန် ဝါးနှီး သို့မဟုတ် အုန်းဆံကြိုးဖြင့် တိုင်ကပ်၍ စတင်ချည်နှောင်ပေးရပါမယ်ခင်ဗျာ။ ခေါင်နှိမ်ခြင်း (ထိပ်ညွှန့်ဖြတ်ခြင်း) ကိုမူ အပင်သက်တမ်း ၁ လခွဲ (၄၅ ရက်) ရောက်မှသာ အပေါ်ဆုံးထိပ်ဖျားကို ၁ လက်မခန့် ဖြတ်ပေးရမည်ဖြစ်ပြီး၊ ၎င်းသည် ဘေးအတတ်နှင့် အရွက်များစွာ ဝေဆာလာစေရန် ကူညီပေးပါတယ်။ ခေါင်နှိမ်ပြီး (၁၀) ရက်အကြာတွင် အောက်ခြေအရွက်ကြမ်းများကို ခူးယူဖယ်ရှားကာ အပင်သန်မာထွားကြိုင်းစေရန်အတွက် နိုက်ထရိုဂျင်ဓာတ်မြင့်မားသော NPK (15:7:8 သို့မဟုတ် 16:16:8) ကွန်ပေါင်းမြေသြဇာ၊ နွားချေးဆွေး သို့မဟုတ် အရွက်ဖျန်းအားဆေးများကို စတင်အသုံးပြုကျွေးပေးရပါမယ်ခင်ဗျာ။
စိုက်စနစ်ချင်းမတူလို့လားတော့မသိဘူး။မုံရွာ ကွမ်းခြံတွေမှာတျော့င်ရငါ ၁လ-၂လသားခန့်၊အပင် ၂တောင်လောက်မှာ ခေါင်နှိမ်ကြပါတယ်။ အပင်တက်မြန်ချင်ရင်တော့၊ဂျစ်ဆန်+K-humicကျွေးပါ။အပင်ကို အမိုင်နိုဖျန်းပါ။စုပ်စားပိုးဂရုစိုက်ပါ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
အဲကွမ်းရွက်ကဘာရောဂါဖြစ်တာလဲ ဘာဆေးအသုံးပြုရမလဲ
ဖြေကြားချက် 5 ခု
ကွမ်းစိုက်ရန်အတွက်မြေပြင်ချိန်ဘာတွေလုပ်ရမလဲ သင့်တော်သောဆေးဝါး မြေသြဇာများကိုမည့်သို့အသုံးပြုသင့်သလဲပြောပြပေးပါ
ဖြေကြားချက် 2 ခု
ကွမ်းအတွက် ဟိုက်ဒရိုဂျင်ပါရောက်ဆိုက်ပါသောအမြစ်ပုတ်ပျောက်ဆေး ဆေးအမည် ဘယ်companyကထုတ်လဲ သိလိုပ်သည်
ဖြေကြားချက် 3 ခု
ဒေါင်းမီးကွက် ဖစ်နေလို့ဗျ အမြစ်လဲပုတ်တယ်
ဖြေကြားချက် 1 ခု
မိုးအရမ်းများနေလို့ပါကွမ်းပင်တွေဆီစွန်းနဲ့အခြားမိုရောဂါတွေမကျရောက်အောင်ဘယ်လိုပြုပြင်ထိန်းသိမ်းသင့်ပါသလဲ
ဖြေကြားချက် 2 ခု