အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
796
လွန်ခဲ့သော ၃ လ က · နမ့်စန်

ပြောင်းပင်မှာ ဘာဓါတ်လိုနေလည်း ပြောပြပေးပါ ဒီအရွယ်ဆို ဘာကျွေးရင်ကောင်းမလည်း

အပင်အာဟာရ ပြောင်း
Post image

ဖြေကြားချက် ၂ ခု

347,513 လွန်ခဲ့သော ၃ လ က

ပုံပါပြောင်းပင်သည် အသက် (၃-၄) ပတ်ခန့် ရှိနေပြီး အပင်ခြေတွင် ခရမ်းရောင်သန်းနေသည်ကို တွေ့ရပါတယ်။ ဤလက္ခဏာသည် ဖော့စဖရပ် (P) ဓာတ် ချို့တဲ့ခြင်း သို့မဟုတ် မြေဆီလွှာအေးပြီး စိုထိုင်းဆများ၍ အမြစ်က အာဟာရမစုပ်ယူနိုင်ခြင်းကြောင့် ဖြစ်တတ်ပါသည်။ ထို့ကြောင့် အပင်အမြစ်ပွားပြီး အားကောင်းစေရန် ဖော့စဖရပ်ပါဝင်မှုမြင့်မားသော ကွန်ပေါင်းမြေဩဇာ (သို့မဟုတ်) တီစူပါကို ယူရီးယား (ပုလဲ) မြေဩဇာသို့မဟုတ် ဆာလ်ဖာပုလဲ(၂၁:၂၄)မြေဩဇာနှင့် ရောစပ်၍ အပင်ခြေဘေးတွင် ကျွေးပေးရပါမည်။ ထို့ပြင် အမြစ်များ လေဝင်လေထွက်ကောင်းစေရန် မြေဆွပေးခြင်းနှင့် အာဟာရမြန်မြန်စုပ်ယူနိုင်ရန် ဖော့စဖရပ်ပါသော ရွက်ဖျန်းမြေဩဇာ ပက်ဖျန်းပေးခြင်းတို့ကို ပြုလုပ်ပေးသင့်ပါတယ်ခင်ဗျာ။

အတည်ပြုပြီး 1,116,061 လွန်ခဲ့သော ၃ လ က

ဆာလဖာချို့တဲ့ပုံပါ။ ပုလဲဆာလဖာကျွေးပေးပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။