အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
50
လွန်ခဲ့သော ၃ လ က · ပြင်ဦးလွင်

ပန်းပင်တွေကအဲ့လိုဖြစ်နေတာပါရှင်အပင်သက်တမ်း3လကျော်ပါပြီ။ပန်းပွင့်မှစဖြစ်တာပါ။ဘာကြောင့်ဖြစ်ရတယ်၊ဘယ်လိုလုပ်ရမယ်...

ပန်းပင်တွေကအဲ့လိုဖြစ်နေတာပါရှင်အပင်သက်တမ်း3လကျော်ပါပြီ။ပန်းပွင့်မှစဖြစ်တာပါ။ဘာကြောင့်ဖြစ်ရတယ်၊ဘယ်လိုလုပ်ရမယ်ဆိုတာလမ်းညွှန်ပေးပါဦးရှင်

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၁၀၀ ရက်
ပိုးမွှားရောဂါ ဂန္ဓမာ
Post image

ဖြေကြားချက် ၂ ခု

348,301 လွန်ခဲ့သော ၃ လ က
ဤအဖြေဖြင့် ပြေလည်

ပုံပါ ဂန္ဓမာပန်းပင်သည် အောက်ခြေရွက်များ ဝါပြီးနောက် ညိုမည်းခြောက်သွေ့ကာ အထက်သို့ ကူးစက်လာခြင်းဖြစ်ပြီး ၎င်းသည် မြေဆောင်မှိုကြောင့်ဖြစ်သော ဂန္ဓမာညှိုးသေရောဂါ (Wilt)၊ ဆတ်တိုးရီးယားရွက်ခြောက်အစက်အပြောက်ရောဂါတို့ကြောင့် ဖြစ်နိုင်ပါသည်။ ဤရောဂါကို ကုသရန်အတွက် ပထမဦးစွာ ရောဂါရင့်နေသော အရွက်ခြောက်များနှင့် အပင်များကို ဆွဲနှုတ်၍ စိုက်ခင်းအပြင်ဘက်တွင် မီးရှို့ဖျက်ဆီးရပါမည်။ ထို့နောက် မန်ကိုဇက် (Mancozeb) သို့မဟုတ် ကာဘင်ဒါဇင် (Carbendazim) ကဲ့သို့သော မှိုသတ်ဆေးတစ်မျိုးမျိုးကို ပက်ဖျန်းပေးရမည့်အပြင် ရေလောင်းရာတွင် အရွက်ပေါ်မကျစေဘဲ အပင်ခြေကိုသာ လောင်းခြင်းဖြင့် ရောဂါပြန့်ပွားမှုကို ကာကွယ်ရပါမယ်ခင်ဗျာ။

50 လွန်ခဲ့သော ၃ လ က

ကျေးဇူးတင်ပါတယ်ဆရာ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။