အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
796
လွန်ခဲ့သော ၃ လ က · နမ့်စန်

အစာစပ်ပြောင်း၁၂၀သက်တမ်းကို ရက်အလိုက် မြေဩဇာအချိုး ထည့်သွင်းပုံကို သိချင်ပါတယ် အပင်ပိုင်းအတွက်/အနှံထွက်ချိန်/အ...

အစာစပ်ပြောင်း၁၂၀သက်တမ်းကို ရက်အလိုက် မြေဩဇာအချိုး ထည့်သွင်းပုံကို သိချင်ပါတယ် အပင်ပိုင်းအတွက်/အနှံထွက်ချိန်/အဖူးကပ်ချိန်/ အမြစ်ကုပ်အားကောင်းဖို့

အပင်အာဟာရ ပြောင်း

ဖြေကြားချက် ၂ ခု

348,301 လွန်ခဲ့သော ၃ လ က

သက်တမ်း ၁၂၀ အစာစပ်ပြောင်း တစ်ဧက အထွက်တိုးရန်အတွက် ယူရီးယား (၁ အိတ်ခွဲ)၊ တီစူပါ (၁ အိတ်) နှင့် ပိုတက်ရှ် (၁ အိတ်) ကို အဆင့် (၄) ဆင့်ခွဲ၍ စနစ်တကျ ကျွေးရပါမယါ။ ပထမအဆင့်အဖြစ် မြေပြင်ချိန် သို့မဟုတ် စိုက်ပျိုးချိန်တွင် တီစူပါအားလုံးနှင့် ပိုတက်ရှ် အိတ်ဝက်ကို မြေခံအဖြစ် ထည့်ရပါမယ်။ ဒုတိယအဆင့်အဖြစ် အပင်ပိုင်း ကြီးထွားမှု ကောင်းမွန်စေရန် စိုက်ပြီး ရက် ၂၀-၂၅ တွင် ယူရီးယား အိတ်ဝက်ကို အပင်ခြေနှင့် ခွာ၍ ကျွေးရပါမယ်။ တတိယအဆင့်အဖြစ် အဖူးထွက်ခြင်း အားကောင်းစေရန် စိုက်ပြီး ရက် ၄၀-၄၅ တွင် ယူရီးယား အိတ်ဝက်နှင့် ပိုတက်ရှ် အိတ်ဝက်ကို တွဲဖက်ကျွေးရပါမယ်။ နောက်ဆုံး စတုတ္ထအဆင့်အဖြစ် အစေ့အပြည့်အသိပ် တည်နိုင်စေရန် စိုက်ပြီး ရက် ၆၀-၆၅ (အမွှေးထွက်ချိန်) တွင် ကျန်ရှိသော ယူရီးယား အိတ်ဝက်ကို ကျွေးရပါမယ်။ မြေဩဇာ ကျွေးသည့်အချိန်တိုင်းတွင် မြေဆီလွှာ စိုစွတ်မှု ရှိနေရန် လွန်စွာ အရေးကြီးပါတယ်ခင်ဗျာ။

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၃ လ က
You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။