အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
wai wai lwin
wai wai lwin 803
လွန်ခဲ့သော ၄ လ က · နမ့်စန်

ဒီစိုက်ခင်းအခြေအနေ

စိုက်ပျိုးနည်း ပြောင်း
Post image

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 449,994 လွန်ခဲ့သော ၄ လ က

ဒီပုံအရ စိုက်ခင်း၏ မျက်နှာပြင်မှာ နေရာကွက်ကျား ရေဝပ်နိုင်သော ချိုင့်ခွက်များကို ပိုမိုထင်ရှားစွာ တွေ့ရပါတယ်။ ပြောင်းပင်ပေါက်ကလေးများမှာ အစောပိုင်း ပျိုးပင်အဆင့်သာ ရှိသေးသော်လည်း မြေပြင်အနေအထားအရ အပေါ်ယံမြေလွှာ ကျပ်ခဲလွယ်သည့် ပုံစံရှိပြီး ရေစီးဆင်းမှု ကောင်းမွန်ခြင်း မရှိပါဘူး။ ဤကဲ့သို့ မြေသားစိုစွတ်လွန်းပြီး ရေဝပ်သည့် အခြေအနေသည် ပြောင်းပင်ငယ်များ၏ အမြစ်ကို အောက်ဆီဂျင် ပြတ်လပ်စေကာ အဝါရောင်ပြောင်းခြင်းနှင့် အပင်နာခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ထို့ကြောင့် အပင်ငယ်များ အမြစ်ပုပ်ခြင်းမှ ကာကွယ်ရန် စိုက်ကြောင်းများကြားမှ ရေများ အမြန်ဆုံး စီးထွက်သွားမည့် ရေနုတ်မြောင်းငယ်များ အရေးပေါ် ဖောက်ပေးရန် လိုအပ်ပြီး မြေခြောက်ပါက မြေဆွပေးရပါမယ်ခင်ဗျာ။နောက်ဆပ်တွဲလုပ်ဆောင်ရမည့် အဆင့်ဆင့်များကို အောက်က ပုံတွေမှာ ဖြေကြားပေးထားပါတယ်ဗျ၊ဤအဖြေဖြင့်ပြေလည်သည် သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။