ပေါင်းသတ်ဆေးလောင်တာလား
ပေါင်းသတ်ဆေး၊သို့မဟုတ် chemical တခုခုကြောင့် အပင်ဇီဝကမ္မ အနှောင့်အယှက်ဖြစ်စ၍်တခုလို့ယူဆပါတယ်။
ပုံပါပြောင်းဖူးပင်ငယ်တွင် အလယ်ရွက်သစ်များ ဖြူဝါနေခြင်းသည် ရွေးချယ်ပေါင်းသတ်ဆေးအာနိသင်လောင်ခြင်း (သို့မဟုတ်) ဆေးလွင့်စင်ထိမှန်ခြင်းကြောင့် ဖြစ်နိုင်ပြီး၊ အရွက်အောက်ပိုင်းတွင် ခရမ်းရောင်သန်းနေပါက ဖော့စဖရပ် (Phosphorus) အာဟာရဓာတ် ချို့တဲ့ခြင်း လက္ခဏာပါ ပူးတွဲဖြစ်ပွားနေပါတယ်။ ဤအခြေအနေသည် မြေကျပ်ခြင်း၊ အေးလွန်းခြင်း သို့မဟုတ် ရေဝပ်ခြင်းတို့ကြောင့် အမြစ်စနစ် ကောင်းစွာမဖွံ့ဖြိုးဘဲ အာဟာရမစုပ်ယူနိုင်ချိန်တွင် ပေါင်းသတ်ဆေးဒဏ်ပါ ထိမိခြင်းဖြစ်နိုင်ပါသည်။ အမြန်ဆုံးပြန်လည်ကုစားရန်အတွက် အမြစ်သစ်ပွားစေပြီး အပင်သန်မာစေမယ့် ဖော့စဖရပ်မြင့်မားစွာပါသော ရွက်ဖျန်းမြေဩဇာ (ဥပမာ - MAP 12-61-0) ကို ဆေးလောင်နာသက်သာစေမည့် အမိုင်နိုအက်ဆစ် (Amino Acid) အားဆေးနှင့် ရောစပ်ကာ ၅ ရက်မှ ၇ ရက်ခြားတစ်ကြိမ်၊ (၂) ကြိမ်ခန့် အမြန်ဆုံး ဖျန်းပေးသင့်ပါတယ်။ စိုက်ခင်း၏ အစိုဓာတ်ကို ထိန်းညှိပေးခြင်းနှင့် ယူရီးယားအနည်းငယ် ကျွေးပေးခြင်းကလည်း အပင်ကို လျင်မြန်စွာ ပြန်လည်စိမ်းလန်းလာစေပါလိမ့်မယ်။ပေါင်းသတ်ဆေးက ဘာပေါင်းသတ်ဆေးလဲ၊နှုန်းထားများ များသွားလား၊တခုခုလွဲသွားတာဖြစ်ပါလိမ့်မယ်။
မြေဩဇာအရွက်ပေါ်တင်သည့်အတွက်ကြောင့်အရွက်ဝါတာလို့ထင်ပါတယ်
ဆက်စပ်မေးခွန်းများ
ဘာဓါတ်ချို့တဲ့ အစာစပ်ပြောင်း
ဖြေကြားချက် 3 ခု
ဒါကဘာချို့တဲ့တာလည်း အစာစပ်ပြာင်းပါ
ဖြေကြားချက် 3 ခု
ဒါလေးရောပြောပြပါ
ဖြေကြားချက် 1 ခု
အစာစပ်ပြောင်းစိုက်ထားတာ 25မြောင်းရတယ် တစ်တန်းကို ငမြောင်တောင်ကိုက်တာ 8ပင်လောက်ပါတယ် ပိုးကျရာခိုင်နှုန်းကျ ဘယ်...
ဖြေကြားချက် 1 ခု
23ရက်သား အပင်ပေါက်ကျဲလား အပင်သေးလား အပင်ပေါက်ညီသလားလို့
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။