အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
kyaw thet soe
လွန်ခဲ့သော ၄ လ က · အင်္ဂပူ

ပုံမှန်ဆို အသီးလှိုင်လှိုင်ကျနေပြီ တန်းကြား၁၅ပေ ပင်ကြား၆ပေ နှစ်ပင်စိုက် ဟုန်ထိုးသွားလို့အရွက်တွေ ရှင်းပေးတယ် အညွန့်ဖြန့်ပေးတယ် အဆင်မပြေဘူးခဗျ အသီးလည်း မကျသေးဘူး အနည်းအပါးခူးရတဲ့အသီးကလည်း မပြည့်မဝ အမြန်ဆုံးဖြေကြားပေးစေချင်ပါတယ်ခဗျ တောင်သူနီးပါးတိုင်းခံစားနေရလို့ပါ ပုံပါအတိုင်းဖြစ်နေကြလို့ပါ

ပိုးမွှားရောဂါ ရွှေဖရုံသီး
Post image
Post image
Post image

ဖြေကြားချက် ၃ ခု

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,123,108 လွန်ခဲ့သော ၄ လ က

ဗိုင်းရပ်စ်ရောဂါကြောင့် အာဟာရချို့ပြီး အသီးနည်းသွားတာပါ။ အခြားအပင်တွေကို မကူးစက်အောင် စုပ်စားပိုးကာကွယ်ဆေးဖျန်းပေးပါ။အမိုင်နို၊ပိုတက်စီယံဟူးမစ် ဖျန်းပေး၊‌ေကျွးပေးပါ။

သော်ဇင်
သော်ဇင် 452,492 လွန်ခဲ့သော ၄ လ က

အကယ်၍စုပ်စားပိုးများကျခဲ့လျင် စုပ်စားပိုးကြောင့်ဖြစ်သည့် ရွှေဖရုံဗိုင်းရပ်စ်ရောဂါသည် ဆေးဖျန်းရုံဖြင့် ကုသ၍မရနိုင်သော ရောဂါဆိုးတစ်ခု ဖြစ်ပါတယ်။ ဤရောဂါသည် ပျပိုး၊ ယင်ဖြူနှင့် လှေးပိုးကဲ့သို့သော စုပ်စားပိုးများမှတစ်ဆင့် ရောဂါရှိသောအပင်မှ ကျန်းမာသောအပင်များဆီသို့ ပျံသန်းကူးစက်စေခြင်း ဖြစ်ပါသည်။ ရောဂါကျရောက်ပါက အရွက်များ တွန့်လိမ်ပိန်းကပ်ခြင်း၊ ရွှေဝါရောင်မိုစေ့ (အစင်းအကျား) ကွက်များ ဖြစ်ပေါ်လာခြင်းနှင့် အပင်ပု၍ ကြီးထွားမှုရပ်တန့်ခြင်းတို့ ဖြစ်တတ်ပါသည်။ ကာကွယ်ရန်အတွက် ရောဂါရပင်များကို ချက်ချင်းနှုတ်ယူမီးရှို့ဖျက်ဆီးရမည်ဖြစ်ပြီး၊ သယ်ဆောင်ကောင်စုပ်စားပိုးများကို အီမီဒါကလိုပရစ် (Imidacloprid) သို့မဟုတ် ဖစ်ပရိုနေး (Fipronil)ကဲ့သို့သော ပင်လုံးပျံ့ဓာတုပိုးသတ်ဆေးများဖြင့် အလှည့်ကျ ပက်ဖြန်းနှိမ်နင်းရပါမယ်။

သော်ဇင်
သော်ဇင် 452,492 လွန်ခဲ့သော ၄ လ က

ပုံပါ ရွှေဖရုံရွက်တွင် တွေ့ရသော လက္ခဏာမှာ ဒေါင်းနီးရွက်ခြောက်ရောဂါ (Downy Mildew) ဖြစ်နိုင်ပါတယ်။ အရွက်ပေါ်တွင် ရွက်ကြောများ ပိတ်ဆို့ထားသည့် အဝါရောင် အကွက်ငယ်လေးများ စတင်ဖြစ်ပေါ်နေပြီး ရောဂါရင့်လာပါက အလယ်မှစ၍ ညိုပြီး ခြောက်သွားတတ်ပါတယ်။ နံနက်စောစောတွင် အရွက်အောက်မျက်နှာပြင်၌ မီးခိုးရောင် သို့မဟုတ် ခရမ်းပုပ်ရောင် မှိုမျှင်အမွှေးအမျှင်များကို သေချာစွာ တွေ့ရှိနိုင်ပါသည်။ ဤရောဂါသည် စိုထိုင်းဆများခြင်းကြောင့် ဖြစ်ပွားတတ်သဖြင့် လေဝင်လေထွက်ကောင်းအောင် အရွက်အိုများကို ဖယ်ရှားဖျက်ဆီးပေးရမည်ဖြစ်ပြီး၊ ရောဂါသက်သာစေရန် ဒိုင်မီသိုမော့ဖ် (Dimethomorph) + Cymoxanil (ဆိုင်မောက်စနေးလ်)ပါဝင်သော မှိုသတ်ဆေးများကို အရွက်အောက်မျက်နှာပြင်ပါ အနှံ့အပြား ရောက်ရှိအောင် ဖျန်းပေးရပါမယ်။စုပ်စားပိုးကြောင့်ဖြစ်သည့်ဗိုင်းရပ်စ်ရောဂါလည်းဖြစ်နိုင်သေးတာကြောင့် စုပ်စားပိုးများကျရောက်ခဲ့ခြင်းရှိ/မရှိ စစ်ဆေးကြည့်ပါဦးဗျ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ဖီးဂျမ်းငှက်ပျောနှင့်အတူ ရွှေဖရုံကိုကြားထဲ စိုက်ခြင်လို့ အခုရာသီမှာစိုက်လို့ရလား အဆိုးအကောင်းလေး ပြောပြပေးပါ...

ဖြေကြားချက် 1 ခု

ရွှေဖရုံ အသီးသီးချိန်မှာ ​ပိုတက်​မြေသြဇာကို ​ရေ​ဖျော်​​လောင်း​ပေးရင် အသီးပိုသီးမလား။ ၁၅ပတ်လည်က ပို​ကောင်းမလား။...

ဖြေကြားချက် 3 ခု

ယူရီးယားကို ဖရုံပင်လေးတွေထဲထည့်ချင်တာ ဘယ်အရွယ်မှာဘယ်လိုထည့်ရမလဲဗျ အခုမှအပင်ပေါက်ခါစပါ အိမ်မှာပဲအပြင်းပြေ 10...

ဖြေကြားချက် 5 ခု

ကျွန်တော်ကတော့ကတော့ ရွှေဖရုံစိုက်ဝါသနာပါ တောင်သူတယောက်ပါ¡¡ စိုက်သလောက် စျေးကွက် ကမတိုးမိဘူး ဘယ်လ ဘယ်မျိုး ဘယ်...

ဖြေကြားချက် 1 ခု

အညွန့်စား ဖရုံဆိုပြီး စိုက်တာ အသီးတွေသီးပြီး အညွန့်အားနည်းသွားတယ် တချို့အသီးတွေ အချင်း ၈လက်မခန့်ရှိနေပြီ အ...

ဖြေကြားချက် 1 ခု

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။