အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Zaw Myo Win
Zaw Myo Win 1,573
လွန်ခဲ့သော ၃ လ က · ငပုတော

ခရုသတ်ဆေး ခရုဘုရင်က အဘာမက်တင်နဲ့ရောဖျန်းရတယ်ပြောတယ်ဆေးဆိုင်က ဟုတ်ပါသလားဆရာကြီးခင်ဗျ နောက်ပြီးဆေးဖျန်းရင် လယ်ထဲမှာ ရေဘယ်လောက်အထိ ထားလို့ရလဲ သိချင်ပါတယ်ခင်ဗျ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
ရာသီဥတု (တစ်ပတ်အတွင်း)
နေရာကွက်ကျားမိုးရွာ
ပိုးမွှားရောဂါ စပါး

ဖြေကြားချက် ၃ ခု

u Mg Mg san
u Mg Mg san 152 လွန်ခဲ့သော ၃ လ က

သော်ဇင်အ​ဖြေကြိုက်တယ်

သော်ဇင်
သော်ဇင် 380,568 လွန်ခဲ့သော ၃ လ က

"ခရုဘုရင်" ဆေးသည် ရွှေခရုများကို ထိရောက်စွာ သေစေနိုင်သော Niclosamide အဆိပ်စစ်စစ် ဖြစ်သောကြောင့် ပိုးသတ်ဆေးဖြစ်သည့် "အာဘာမက်တင်" နှင့် မလိုအပ်ဘဲ ရောဖျန်းရန် မလိုပါ။ ရောဖျန်းပါက ဆေးဖိုးကုန်ကျစရိတ် ပိုမိုစေရုံသာ ရှိပါလိမ့်မည်။ ဆေးဖျန်းရာတွင် အာနိသင် အပြည့်အဝရရှိစေရန် လယ်ကွက်အတွင်း ရေအနက် ၂ လက်မခန့် အညီအမျှ ထားရှိရမည်ဖြစ်ပြီး၊ ဆေးဖျန်းပြီးနောက် ထိုရေပမာဏကို ၃ ရက်တိုင်တိုင် မြဲအောင် ထိန်းထားပေးရပါမည်။ ခရုများ အစာထွက်စားတတ်သည့် နံနက်စောစော သို့မဟုတ် ညနေပိုင်းတွင် ဖျန်းပေးခြင်းက အကောင်းဆုံးဖြစ်ပြီး ဆေးဖျန်းပြီး ၅၂ ရက်အတွင်း သီးနှံရိတ်သိမ်းခြင်းကို ရှောင်ကြဉ်ရပါမည်။

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,120,781 လွန်ခဲ့သော ၃ လ က

ရေထုအများကီ့းလှောင်ပြီးဖျန်းလို့အဆင်မ‌ေပြဘူး။ရေစပ်စပ်(၁-လက်မခွဲ )လောက်အချိန်၊ဖျန်းတာအကောင်းဆုံးပါ။ အဘာမက်တင်နဲ့မရောလည်းရပါတယ်။အရမ်းဆိုးရင်၊ အကြိမ်များရင် ရောပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။