အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
84
လွန်ခဲ့သော ၃ လ က · ဒဂုံမြို့သစ်တောင်ပိုင်း

ဒဂုံဆိပ်ကမ်းလယ်မြေမှာ တရုတ်ကန်စွန်းကို အစေ့ချ မြေမြုတ်စနစ်နှင့် စိုက်မလို့ပါ။ မျိုးစေ့ရနိုင်မယ့်နေရာနှင့်...

ဒဂုံဆိပ်ကမ်းလယ်မြေမှာ တရုတ်ကန်စွန်းကို အစေ့ချ မြေမြုတ်စနစ်နှင့် စိုက်မလို့ပါ။ မျိုးစေ့ရနိုင်မယ့်နေရာနှင့် စိုက်ပြီးခူးတဲ့အချိန် ဖောက်သည် သွင်းရမယ့်ဒိုင်နှင့်ဆက်သွယ်လို့ရမယ့်အရာရာတစ်ခုခုကို သိချင်လို့ပါ။ ဒီလကုန်စပြီး စိုက်ချင်လို့ ကူညီလမ်းညွှန်ပေးကြပါအုံးဗျ

စိုက်ပျိုးစီးပွား ကန်စွန်းရွက်

ဖြေကြားချက် ၃ ခု

348,989 လွန်ခဲ့သော ၃ လ က
ဤအဖြေဖြင့် ပြေလည်

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ လယ်မြေများတွင် တရုတ်ကန်စွန်းရွက် အစေ့ချစိုက်ပျိုးရန်အတွက် မျိုးစေ့ကို အနက် ၀.၅ လက်မခန့်တွင် မြှုပ်နှံ၍ ပင်ကြား ၄-၆ လက်မ၊ တန်းကြား ၆-၁၂ လက်မ အကွာအဝေးဖြင့် စိုက်ပျိုးရပါမည်။ ရန်ကုန်ဒေသလယ်မြေများသည် ရေထိန်းအားကောင်းသော ရွှံ့စေးနုန်းမြေဖြစ်၍ အစေ့ချချိန်တွင် ရေမဝပ်စေရန် ရေနုတ်မြောင်းများ စနစ်တကျ လုပ်ဆောင်ထားရပါမည်။ စိုက်ပျိုးပြီး ရက်ပေါင်း ၂၅ မှ ၃၅ ရက်အတွင်း ပထမအကြိမ် စတင်ခူးနိုင်ပြီး၊ ရိတ်သိမ်းပြီးနောက် ၇ ရက်မှ ၁၀ ရက်အတွင်း အညွှန့်သစ်များ အဆက်မပြတ် ထပ်မံဆွတ်ခူးနိုင်ပါသည်။ ဇွန်လကုန် မိုးရာသီတွင် စိုက်ပျိုးမည်ဖြစ်သဖြင့် မိုးကြီးပါက စိုက်ခင်းအတွင်း ရေလျှံခြင်းနှင့် ပုပ်ခြင်းမရှိစေရန် ဘောင်မြှင့်စိုက်ပျိုးဖို့ လိုအပ်ပါတယ်၊မျိုးစေ့ကိင စိုက်ပျိုးရေးမျိုးစေ့အရောင်း‌ဆိုင်တွေမှာ မေးမြန်းဝယ်ယူပါ။ သွင်းရမည့် ဒိုင်နေရာကိုတော့ သိရှိသူများဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။ ဈေးတန်းကြီးကဏ္ဍမှာလည်း တင်မေးဖို့ရန်အကြံပြုပါတယ်ဗျာ။

54 လွန်ခဲ့သော ၃ လ က

09251874853 ဦးစိန်ချစ် မြောက်ဥက္ကလာ (ဃ)ဈေးကိုဆက်သွယ်ကြည့်ပါခင်ဗျာ။ ကျွန်တော့်ဦးလေးပါ။စိုက်သလို ဝယ်လည်းဝယ်ပါတယ်။

84 လွန်ခဲ့သော ၃ လ က

ကျေးဇူးပါဗျ

You

ဆက်စပ်မေးခွန်းများ

ကန်ဇွန်းစေ့စိုက်ထားတာ အပင်လေးပေါက်လာပါပြီ အပင်လေး သန်စွမ်းအောင်လို့ ဘယ်လိုလုပ်ဆောင်ပေးရမလဲဗျ။

ဖြေကြားချက် 3 ခု

ကျွန်တော်က ရန်ကုန်မှာ ကုန်းကန်စွန်း စိုက်ချင်လို့ ဘယ်လိုဝယ်တာလဲ ဈေးနှုန်းလေး သိချင်ပါတယ်။

ဖြေကြားချက် 1 ခု

နွားသေးအကြောင်းမေးချင်ပါတယ်ဗျ ကျနော့ချဉ်ပေါင်ခင်နဲ့မုန်ညင်းခင်းမှာ ပုလဲမြေဩဇာနဲ့နွားသေးကို ယှဉ်ဖျန်းကြည့်တာ ပု...

ဖြေကြားချက် 4 ခု

ကန်စွန်းရွက် မှာ ဘာရောဂါဖြစ်တာလဲ ပိုးကျတာလား ဘာဆေးတွေသုံးရမလဲ အကြံပြုကြပါဦး

ဖြေကြားချက် 1 ခု

ဆရာမဂ်လာပါ🙏🙏🙏 ကျနော်ကန်စွန်းပင်လေးတွေ အစိမ်းလိုက်ညိုးနေလို့ပါဆရာ အပင်နုတ်ကြည့်တော့လည်း အမြစ်တွေကောင်းတယ်ဆရာ ဘာ...

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။