နှမ်းပင်ကဘာဖြစ်တာလဲ နွားသေးဖြန်းလို့ရလား ဖြန်းလိုရရင် တပုံးကိုဘယ်ေလာက်ဖြန်းရတာလဲ
မိုးပြင်းပိပြီး၊နေအပူရှိန်ကြောင့် ပင်စည်ပုပ်stem rot disease ရောဂါကျနေပုံပါ။ဒီအချိန်မှာ နွားသေးမဖျန်းသင့်သေးပါ။ မှိုသတ်ဆေးတမျိုးမျိုးဖျန်းပြီး ၅-၇ရက်ကြာမှ ဖျန်းပါ။
ပုံပါလက္ခဏာသည် Macrophomina phaseolina မှိုကြောင့်ဖြစ်သော နှမ်းပင်စည်ပုပ်/ခါးရိရောဂါ (Stem rot) ကျရောက်နေခြင်း ဖြစ်ပါတယ်။ မေးခွန်းရှင် မေးမြန်းထားသော နွားသေးဖျန်းခြင်းကို မပြုလုပ်ရပါဘူး။ အကြောင်းမှာ ရောဂါကျနေချိန်တွင် နွား သေးဖျန်းမိပါက မှိုရောဂါကို ပိုမိုဆိုးရွားစေနိုင်သောကြောင့် ဖြစ်ပါသည်။ ရောဂါကို ထိရောက်စွာ ကုသရန်အတွက် ကာဗင်ဒါဇင် (Carbendazim) သို့မဟုတ် သီအိုဖနိတ် မီသိုင်း (Thiophanate-methyl) ကဲ့သို့သော ပင်လုံးပြန့်မှိုသတ်ဆေးတစ်မျိုးမျိုးကို အပင်စည်နှင့် အပင်ခြေ မြေဆီလွှာထဲအထိ စိုရွှဲသွားအောင် သေချာပက်ဖြန်းပေးရပါမယ်။ ထို့ပြင် ရောဂါပြင်းထန်သော အပင်များကို နှုတ်ယူမီးရှို့ဖျက်ဆီးခြင်းနှင့် စိုက်ခင်းအတွင်း ရေမဝပ်စေရန် ရေနုတ်မြောင်းများ ပြုလုပ်ပေးခြင်းတို့ကို စနစ်တကျ လုပ်ဆောင်ရပါမယ်ခင်ဗျာ။ Azoxystrobinပါဝင်သည့် ရီဗိုက်မှိုသတ်ဆေးလည်း ဖျန်းပေးလို့ရပါတယ်ဗျ။
ဒီဆေးဖျန်းရင် အဆင်ပြေလားဗျ မသိလို့ပါ
ဆက်စပ်မေးခွန်းများ
အသီးအပွင့်လှိုင်နေပါသည်အအောင်တောင့်များအောင်ဘာဆေးဖျန်းရမလဲဗျာ
ဖြေကြားချက် 1 ခု
နှမ်းကုန်ချောအမျိုးမျိုးလုပ်နည်းလေးသိချင်ပါတယ်ဗျ
ဖြေကြားချက် 1 ခု
နှမ်ပုံတုန်းကပိုးသတ်ဆေးဖျန်းမထားဖြစ်လိုအထောင်ကြမှဖျန်းလို့လားခဗျ
ဖြေကြားချက် 3 ခု
မိုးစပါးမှရရှိသော ဧရာမင်းစပါးရိုးကို စတော်ပဲ ကျဲပြီးအုပ်ထားပြီးနှမ်းကျဲချိန်ရေသွင်းပြီးထံန်ယက်နှမ်းစိုက်ပျိုး...
ဖြေကြားချက် 2 ခု
ဘာရောဂါဖြစ်ပြီးဘယ်လိုဆေးအသုံးပြုရမလဲဆရာတို့
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။