မိုးစပါး ပေါင်းသေပင်တတ်ကို စပါးဘယ်နှစ်ရက်သားလောက်မှာကျွေးသင့်သလဲဗျ
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
"ပေါင်းသေပင်တက်" ပေါင်းသတ်ဆေးကို စပါးစိုက်ပျိုးပြီး (သို့မဟုတ်) ပျိုးရွှေ့စိုက်ပြီး သက်တမ်း (၅) ရက်မှ (၁၅) ရက်အတွင်း အသုံးပြုနိုင်ပြီး၊ အကောင်းဆုံးနှင့် အထိရောက်ဆုံးအချိန်မှာ သက်တမ်း (၅) ရက်မှ (၇) ရက်သားအတွင်း ဖြစ်ပါတယ်။ အသုံးပြုရာတွင် (၄၀) ကီလိုဂရမ် တစ်အိတ်လျှင် (၂) ဧကနှုန်းဖြင့် သီးသန့်ဖြစ်စေ၊ မြေဩဇာနှင့်ဖြစ်စေ ရောစပ်ကြဲပက်နိုင်ပါတယ်။ ဆေးကြဲချိန်တွင် စိုက်ခင်းအတွင်း ရေအနက် (၁) လက်မခန့် ရှိနေရမည်ဖြစ်ပြီး၊ ဆေးကြဲပြီးနောက် ပေါင်းပင်များ အမြစ်ပြတ်သေစေရန် ၎င်းရေအနက်အတိုင်း (၅) ရက်မှ (၇) ရက်အထိ ရေမခန်းအောင် ဆက်လက်ထိန်းသိမ်းထားပေးရပါမယ်။
ပေါင်းသေ၊အပင်တက်မြေဩဇာမှာpre emergent/early post ပေါင်းသတ်ဆေးတမျိုးမျိုးပါပါလိမ့်မယ်။ဒါကြောင့် ပေါင်းပင် အပင်မပေါက်မီ၊သိူ့မဟုတ် ပေါင်းပင် ၂ရွက်ထွက်အရွယ်၊ရေစပ်စပ်မှာ ပက်ေကျွးသင့်ပါတယ်။ အိတ်ပေါ်မှာ စာညွှန်းပါပါလိမ့်မယ်။
ဆက်စပ်မေးခွန်းများ
နှံကောက်စပါးက မိုးနည်းဒေသဖြစ်တဲ့ မြန်မာနိုင်ငံအလယ်ပိုင်း မြိုင်နယ်မှာ စိုက်လို့ အဆင်ပြေနိုင်လားဗျ
ဖြေကြားချက် 1 ခု
လှဌေးရှယ်စပါးအကြောင်းသိချင်းပါတယ် စပါးသက်တမ်း ဆေးကျွေးရမယ်ရက် ရောဂါကာကွယ်နည်းသိချင်ပါတယ်
ဖြေကြားချက် 2 ခု
ဆူမိုးကြီးသဘဝကြက်ချေးမြေသြဇာကိုစပါးခင်းထဲကြဲထည့်ပေးရင်အဆင်ပြေလားဆရာ
ဖြေကြားချက် 1 ခု
#ဧရာ၀တီတိုင်း ဘိုကလေးမြို့နယ် မင်းဂံကျေးရွာကပါဗျ #နွေစပါးအတွက် ဘယ်မျိုးစပါးကိုရွေးချယ်သင့်လဲဗျ #စနစ်တကျ ဘယ်လို...
ဖြေကြားချက် 1 ခု
စပါးပင်လေးတွေထဲအခုပေါက်နေတဲ့ဝက်လာ/ဝက်ကျွတ်/တပ်ပွတ်ဖြူ-နီလေးများနေလို့ဘာဆေးလေများအသုံးပြုရမလဲဗျ
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။