အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Ko Zin
Ko Zin 45
လွန်ခဲ့သော ၄ လ က · ပေါင်းတည်

တိုင်ထောင်ပဲခင်းက ပုံပါအတိုင်းဖြစ်နေပါတယ် ပြီးခဲ့တဲ့ ၄ရက်လောက်က ကော့(ပါးအောက်စီကလိုရိုက်၄၅%+ကာဆူကာမိက်ဆင်2%)၅၀ဂရမ်+(အီမာမက်တင်ဘန်ဆိုရိတ်၅%+လန်ဘရာ10%)၁၅ဂရမ်ပက်ပြီးတော့ ၃ရက်ခြားပြီး အေမီတာကလိုပရစ် ထပ်ပက်ဖြစ်တယ်ဆရာ အပင်အခြေအနေလေး သုံးသပ်ပြီး ဘာဖြစ်ပြီး ဘာလုပ်ကမယ်ဆိုတာလမ်းညွှန်ပေးပါ

စိုက်ပျိုး ဗဟုသုတ ပဲတောင့်ရှည်
Post image
Post image

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 452,472 လွန်ခဲ့သော ၄ လ က

ပုံအရ ပဲရွက်များ အောက်ဘက်သို့ လိပ်ဝင်ပြီး တွန့်ရှုံ့နေခြင်းသည် ရောစပ်ဖျန်းထားသော ပိုးသတ်ဆေး၊မှိုသတ်ဆေးများ လွန်ကဲသွားခြင်းကြောင့် ဖြစ်ရသည့် "ဆေးလောင်ခြင်း (Chemical Phytotoxicity)" သို့မဟုတ် စုပ်စားပိုးကြောင့်ဖြစ်သော "ဗိုင်းရပ်စ်ရွက်လိပ်ရောဂါ" လက္ခဏာ ဖြစ်နိုင်ပါတယ်။ ဤပြဿနာကို ဖြေရှင်းရန် လက်ရှိပိုးသတ်ဆေးဖျန်းခြင်းကို ချက်ချင်းရပ်နားပြီး အပင်စိတ်ဖိစီးမှု သက်သာစေရန် အမိုင်နိုအက်ဆစ် (Amino Acid) သို့မဟုတ် ပင်လယ်ရေမှော်ရည် (Seaweed Extract) ကို ရေကြည်ဖြင့် ၃ ရက်ခြား တစ်ကြိမ် ဖျန်းပေးရပါမယ်။ စိုက်ခင်းကို ပုံမှန်ရေသွင်းပေးပြီး နောက်နောင်တွင် ဆေးနှုန်းထားများကို စနစ်တကျ လျှော့ချသုံးစွဲရန်နှင့် ဆေးများက်ု နှစ်မျိုးထက်ပိုမရောမိရန် လိုအပ်ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။