အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
182
လွန်ခဲ့သော ၃ လ က · အရာတော်

ပိုးချီးလေးတွေလဲတွေတယ် ပျ လား လှေ လား မကွဲလို့ပါ အမဲကောင်လေးတွေ အတောင်နဲ့ပါ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၃၀ ရက်
ရာသီဥတု (တစ်ပတ်အတွင်း)
အများအားဖြင့် နေသာ
ပိုးမွှားရောဂါ ပဲတောင့်ရှည်
Post image

ဖြေကြားချက် ၁ ခု

348,301 လွန်ခဲ့သော ၃ လ က

ပုံပါ ပဲတောင့်ရှည်ရွက်တွင် ကျရောက်နေသော အမည်းရောင် ပိုးမွှားများသည် ပဲပျပိုး (Cowpea Aphid) များ ဖြစ်ကြပါတယ်။ မေးခွန်းရှင် ဇဝေဇဝါဖြစ်နေသော လှေပိုး မဟုတ်ပါ။ အချို့အကောင်များတွင် အတောင်ပံပါနေခြင်းမှာ ပိုးမွှားဦးရေ အလွန်အမင်း များပြားလာသဖြင့် အခြားအပင်များဆီသို့ ပျံသန်းကူးစက်ရန် အသွင်ပြောင်းလဲလာခြင်း ဖြစ်ပါသည်။ ၎င်းတို့ကို သဘာဝနည်းလမ်းအရ တမာဆေးရည် ပက်ဖျန်းခြင်း၊ အဝါရောင်ကော်‌ စေးထောင်ချောက် သုံးခြင်းနှင့် ပုရွက်ဆိတ်သိုက်များကို ဖယ်ရှားခြင်းဖြင့် ကာကွယ်နိုင်ပါသည်။ ဆိုးရွားစွာ ကျရောက်ပါက အီမီဒါကလိုပရစ် (Imidacloprid) သို့မဟုတ် အဆီတာမီပရစ် (Acetamiprid) ကဲ့သို့ ဆေးများကို စိုက်ပျိုးရေးသုတေသန လမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့သုံးစွဲလေ့ရှိပါတယ်။ ပဲတောင့်ရှည်သည် ခူးဆွတ်ရက် စိတ်သဖြင့် ဆေးဖျန်းပြီးပါက သတ်မှတ်ထားသော ဆေးသက်တမ်း မပြည့်မချင်း လုံးဝ မခူးဆွတ်ရန် အထူးသတိပြုရပါမယ်ခင်ဗျာ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။