ဖြေကြားချက် ၃ ခု
ကောင်းပါရှင့် တစ်ညလောက်နှပ်ထားပေးရင်အာနိသင်ထိရောက်ပါတယ်ရှင့်
ဆိတ်ချေးကို စပါးခင်းထဲထည့်ရာမှာ၊ချက်ချင်းထည့်တာထက်၊တနှစ်လောက် သိုလှောင်ပြီး၊အီးအမ်နဲ့ နှပ်ပြီးသား ပက်တာကို ပိုကြိုက်ပါတယ်။အလျင်စလို ထည့်လိုက်ရင်၊အပင်အတွက် အာဟာရမဖြစ်ခင်၊ပေါင်းမျိုးစေ့တွေပါတာ၊အပူလောင်နာတွေဖြစ်မှာစိုးရိမ်ရပါတယ်။ ကြက်ချေး ဆိုရင်၊ချက်ချင်းထည့်ရင်၊ရေပြတ်တာနဲ့ အပူလောင်နာဖြစ်ပါတယ်။
စပါးခင်းတွင် ပုလဲမြေဩဇာကို ဆိတ်ချေးနှင့် ရောစပ်အသုံးပြုခြင်းသည် အပင်အတွက် အာဟာရဓာတ် မျှတစွာရရှိစေပြီး မြေဆီလွှာကို ကောင်းမွန်စေသည့် အလွန်အဆင်ပြေသော နည်းလမ်းဖြစ်ပါတယ်။ ပုလဲမြေဩဇာက အပင်ထွားစေမည့် နိုက်ထရိုဂျင်ဓာတ်ကို ချက်ချင်းပေးစွမ်းနိုင်ပြီး ဆိတ်ချေးက ဖော့စဖရပ်၊ ပိုတက်စီယမ်နှင့် အနည်းလိုအာဟာရဓာတ်များကို ရေရှည်အတွက် ဖြည့်ဆည်းပေးနိုင်ပါသည်။ သို့သော်လည်း စပါးပင် အမြစ်ပုပ်ခြင်းနှင့် အပူလောင်ခြင်းမှ ကာကွယ်ရန်အတွက် လုံးဝခြောက်သွေ့ဆွေးမြည့်နေသော ဆိတ်ချေးဟောင်းကိုသာ အသုံးပြုရပါမယ်။ ဓာတ်ပြယ်မှုမရှိစေရန် ပုလဲနှင့် ဆိတ်ချေးကို စပါးခင်းထဲ ပက်ခါနီးကျမှသာ သမအောင်ရောစပ်၍ ချက်ချင်းပက်ကြဲရမည်ဖြစ်ပြီး စပါးပင်သက်တမ်း ၂၀ မှ ၃၀ ရက်အတွင်း အပင်ပွားချိန်တွင် ထည့်သွင်းပေးခြင်းက အကောင်းဆုံးဖြစ်ပါတယ်ခင်ဗျာ။
ဆက်စပ်မေးခွန်းများ
ခရုဘုရင်ကို စပါးမျိုးစေ့နဲ့ရောကြဲလို့အဆင်ပြေမလားဆရာ တကယ်လို့ကြဲလို့ရတယ်ဆိုရင် ဘယ်လိုနှုန်းထားနဲ့ရောကြဲသင့်ပါသ...
ဖြေကြားချက် 1 ခု
စပါးပင်လေးတွေထဲအခုပေါက်နေတဲ့ဝက်လာ/ဝက်ကျွတ်/တပ်ပွတ်ဖြူ-နီလေးများနေလို့ဘာဆေးလေများအသုံးပြုရမလဲဗျ
ဖြေကြားချက် 1 ခု
#ဧရာ၀တီတိုင်း ဘိုကလေးမြို့နယ် မင်းဂံကျေးရွာကပါဗျ #နွေစပါးအတွက် ဘယ်မျိုးစပါးကိုရွေးချယ်သင့်လဲဗျ #စနစ်တကျ ဘယ်လို...
ဖြေကြားချက် 1 ခု
စပါးပင် 1လသားအရွယ်မှာ စပါးခွံဖွဲးပြာပက်ပေးလိုအဆင်ပြေလားသိချင်ပါတယ်
ဖြေကြားချက် 4 ခု
ပုံပါအပင်ကတစ်ပင်လုံးဖြူနေတာက ဘယ်လိုကြောင့်ပါလဲ အပင်တိုင်းတော့မရှိသေးပါ စပါးပျိုးသက်(၁၀)ရက်ရှိပါပြီ ရေကိုတော့...
ဖြေကြားချက် 3 ခု