အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,928
လွန်ခဲ့သော ၃ လ က · မြိုင်

ငှက်ပျောရွက်ပေါ်က အစပ် ပျောက် ရလေးတွေက အပင်အတွက် ဘယ်လို အန္တရာယ်ရှိနိုင်လဲဗျ နောက် ဘယ်လိုကူစားရင် ရနိုင်မလဲဗျ

ပိုးမွှားရောဂါ ငှက်ပျော
Post image

ဖြေကြားချက် ၂ ခု

348,957 လွန်ခဲ့သော ၂ လ က

အာဟာရချို့တဲ့ခြင်းမဟုတ်ဘဲ Phyllosticta musarum မှိုကြောင့်ဖြစ်သော ငှက်ပျောမှည့်ပြောက်စွန်းရောဂါ (Banana Freckle) ဖြစ်ပါသည်။ အရွက်ပေါ်တွင် ကော်ပတ်စက္ကူကဲ့သို့ ကြမ်းတမ်းပြီး ဖောင်းကြွနေသော အမဲစက်ငယ်များ စုပြုံနေခြင်းက ရောဂါဖြစ်ကြောင်း သေချာစေပါသည်။ ၎င်းသည် အစိမ်းရောင်အရွက်များကို ခြောက်သွေ့စေပြီး အစာချက်လုပ်မှု လျော့နည်းစေသည့်အပြင်၊ အသီးခွံအထိ ကူးစက်၍ အမဲစက်များစွဲစေသဖြင့် ဈေးကွက်တန်ဖိုးကို ကြီးမားစွာ ထိခိုက်စေနိုင်ပါသည်။ ကာကွယ်ရန် ရောဂါရရွက်ဟောင်းများကို ဖြတ်တောက်မီးရှို့ခြင်း၊ လေဝင်လေထွက်ကောင်းအောင် အရွက်ဆွဲခြင်းနှင့် မန်ကိုဇက် (Mancozeb) သို့မဟုတ် ကာဘင်ဒါဇင် (Carbendazim) ကဲ့သို့သော မှိုသတ်ဆေးတစ်မျိုးမျိုးကို ပက်ဖျန်းပေးရပါမည်။

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၂ လ က

မစိုးရိမ်ပါနဲ့၊အပင်အတွက်အန္တရယ်မရှိနိုင်ပါဘူး။ ဆေးဖျန်းပုံးထဲ ရေထည့်ဖျန်း,ပြီး ရှင်းလိုက်ပါ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။