အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
352
လွန်ခဲ့သော ၂ လ က · ကျောင်းကုန်း

စပါးကိုပုလဲမြေသြဇာကျွေးရင် ဘယ်လိုနှုန်းထားနဲ့ကျွေးရမလဲ ရေအနေအထားဘယ်လိုထားရမလဲသိချင်ပါတယ် အပင်အထနေးလို့ပါ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၃၅ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
တစ်ပင်လုံး
ရာသီဥတု (တစ်ပတ်အတွင်း)
မိုးရွာ
စိုက်ပျိုးနည်း စပါး

ဖြေကြားချက် ၂ ခု

348,957 လွန်ခဲ့သော ၂ လ က

အပင်သက်တမ်း ၃၅ ရက်သည် စပါးပင်ပွားအများဆုံး ထွက်ရှိချိန်ဖြစ်၍ နိုက်ထရိုဂျင်ဓာတ် အထူးလိုအပ်သဖြင့် တစ်ဧကလျှင် ပုလဲမြေဩဇာ ပိဿာ ၁၀ မှ ၁၅ ပိဿာခန့် (အိတ်ဝက်နီးပါး) ကျွေးပေးရပါမည်။ မိုးရွာသွန်းနေသည့် အခြေအနေဖြစ်သောကြောင့် မြေဩဇာမကြဲမီ စိုက်ခင်းအတွင်းရှိ ရေကို မြေမျက်နှာပြင်ပေါ်တွင် ၁ လက်မခန့် သို့မဟုတ် ရွှံ့စေးသမန်းအဆင့်သာ ကျန်တော့သည်အထိ ထုတ်ပစ်ရပါမည်။ မိုးသည်းထန်စွာ ရွာသွန်းနေချိန်ကို ရှောင်ကြဉ်၍ မိုးစဲချိန် သို့မဟုတ် နေအေးချိန်တွင်သာ ကြဲပက်ပေးရပါမည်။ မြေဩဇာကျွေးပြီးနောက် စပါးမြစ်များ ကောင်းစွာစုပ်ယူနိုင်ရန်အတွက် စိုက်ခင်းအတွင်းသို့ ၂ ရက်မှ ၃ ရက်အထိ ရေအသစ်ထပ်မသွင်းဘဲ၊ ရေဟောင်းကိုလည်း အပြင်သို့ ထွက်မသွားစေရန် ကန်သင်းပေါက်များကို သေချာပိတ်ထားရပါမည်။

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၂ လ က

ရေ၂လက်မခန့်ထားပြီး၊တဧက၊ပုလဲ ၁အိတ်ကို ၃ခါခွဲကျွေးပါ။ မြေဆွေး၊နွားချေးဆွေး ၂အိတ်နဲ့ ၊ပုလဲ၃ပုံ၁ပုံနဲ့ ရောပြီး တညသိပ်၊မနက် ပက်ပေးပါ။၁၀ရက်ခြား ၃ခါကျွေးပါ။

You

ဆက်စပ်မေးခွန်းများ

EMကစပားအတွက်ဘယ်လိုအသုံးဝင်လည်သိချင်ပါတယ်

ဖြေကြားချက် 2 ခု

စပါး အခြောက်ကျဲတာ မြက်ရော ကောက်ပင်ပါ အတူ ထလို့ ဘယ်ပေါင်းသတ်ဆေးသုံးသင့်လဲဗျ

ဖြေကြားချက် 2 ခု

တောင်သူကြီးများနှင့် စိုက်ဆေးပညာရှင်တို့ခင်ဗျ... စပါးစိုက်ရာသီမတိုင်ခင် လယ်ကွင်းထဲပြာချသင့်လားအကြံပေးကြပါဦး...

ဖြေကြားချက် 2 ခု

ကျွန်တော့ပျိုးခင်းမှာပျိုးပင်တေကဘာဖြစ်မှန်းမသိလို့ပါဆေးဆိုင်ကတော့နီတိုဖြစ်တာလိူ့ပြေားပါတယ်မျိုးကတော့ရွှေဧရာပါ...

ဖြေကြားချက် 2 ခု

စပါးခင်းထဲမှာ‌တခြားမြက်တွေသေပြီးမြက်ကွမ်းသီးလေးတမျိုးဘဲမသေလို့ဘာဆေးသုံးရမလဲဗျစပါးမနာတဲ့ဆေးလေးပြောပြပါအုံးဆရာ...

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။