အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,314
လွန်ခဲ့သော ၂ လ က · တောင်တွင်းကြီး

နှမ်းခင်းမှာပန်းစပွင့်နေပြီနွားသေးဖြန်းလို့ရသေးလားသိချင်ပါတယ်

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၃၀ ရက်
ရာသီဥတု (တစ်ပတ်အတွင်း)
အများအားဖြင့်တိမ်ထူထပ်ပြီး မိုးဖွဲဖွဲရွာ
အပင်အာဟာရ နှမ်း

ဖြေကြားချက် ၂ ခု

348,301 လွန်ခဲ့သော ၂ လ က

နှမ်းခင်း ပန်းစပွင့်ချိန် (သက်တမ်း ၃၀ ရက်ဝန်းကျင်) တွင် နွားကျင်ငယ်ရည်ကို စနစ်တကျ အချိုးကျရောစပ်၍ ဖျန်းပေးနိုင်ရုံတင်မကဘဲ အထွက်နှုန်းကိုပါ တိုးတက်စေနိုင်ပါတယ်။ နွားကျင်ငယ်ရည်တွင် သဘာဝနိုက်ထရိုဂျင်နှင့် အပင်ဟော်မုန်းများ ကြွယ်ဝသဖြင့် အသီးတင်နှုန်းကို အားပေးသည့်အပြင် ဖျက်ပိုးများကိုလည်း မလာအောင် မောင်းထုတ်ပေးနိုင်ပါသည်။ သို့သော် အပင်နုနယ်ချိန်ဖြစ်၍ ဆေးလောင်ပြီး ပန်းပွင့်ကြွေခြင်းမှ ကာကွယ်ရန် နွားကျင်ငယ်ရည် ၁ ဆကို ရေ ၁၀ ဆမှ ၁၅ ဆအထိ (ဆေးဖျန်းပုံးတစ်ပုံးလျှင် ၁.၅ လီတာခန့်) မဖြစ်မနေ အချိုးကျ ရောစပ်ရပါမည်။ ထို့ပြင် ပုံပါအတိုင်း မိုးရွာသွန်းပြီး တိမ်ထူနေချိန်မျိုးတွင် လုံးဝမဖျန်းသင့်ဘဲ၊ မိုးလွတ်သည့်နေ့ ညနေခင်း လေငြိမ်ချိန် တွင်သာ ရွေးချယ်ဖျန်းပက်ရပါမယ်ခင်ဗျာ။ဆေးလောင်ခြင်းမရှိအောင် မိမိအသုံးပြုဖူးသည့် နှုန်းထားအတိုင်းဖျန်းပေးပါခင်ဗျာ။

အတည်ပြုပြီး 323,964 လွန်ခဲ့သော ၂ လ က

နွားသေးဖျန်းရမယ့်အချိုးက ၁:၅ ကနေ ၁:၁၀ ကြားမှာ။ နွားသေး ၁ လီတာကို ရေ ၅လီတာနဲ့ ရောပြီး ဖျန်းလို့ရပါတယ်။ ၂ ပတ် တစ်ကြိမ် ဖျန်းပေးနိုင်ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။