အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
9,804
လွန်ခဲ့သော ၂ လ က · ချောက်

ဆရာခင်ဗျ ရုံးအတီခင်း ဖြုတ်စိမ်းတော့မကျသေးပါဘူး ဖြုတ်စိမ်း ကာကွယ်ဖို့အတွက် ဘယ်လိုပိုးသတ်ဆေးတွေဖျန်းလို့ရပါသလဲ...

ဆရာခင်ဗျ ရုံးအတီခင်း ဖြုတ်စိမ်းတော့မကျသေးပါဘူး ဖြုတ်စိမ်း ကာကွယ်ဖို့အတွက် ဘယ်လိုပိုးသတ်ဆေးတွေဖျန်းလို့ရပါသလဲခင်ဗျ ။ ၂ ။ ခရမ်းခေါင်းတေ တော့ မြေချပီးပါပြီ / ခရမ်းချဥ်တေတော့မချရသေးပါဘူးဗျ မိုးမရွာလို့ပါဆရာ ပျိုးပင်လေးတေမှာတင် ရွက်ထွင်းလေးတေ ကျနေလို့ ပျိုးသက် 36 ရက်ရှိပါပီ အဘာမက်တင် / အစီတာမီပရစ် အတာနဲ့ဟော်မုန်းဆေး ဖျန်းလို့ရပါသလားခင်ဗျ မိုးမရွာတော့အတော်လေးစိတ်ညစ်ရပါတယ်ခင်ဗျ ခုရက် ပိုင်း လိုင်းကလဲအတော်လေးအဆင်မပြေလို့ပါဆရာ

ပိုးမွှားရောဂါ ခရမ်းချဉ်

ဖြေကြားချက် ၂ ခု

349,542 လွန်ခဲ့သော ၂ လ က
ဤအဖြေဖြင့် ပြေလည်

ရုံးပတီခင်းတွင် ဖြုတ်စိမ်း ကြိုတင်ကာကွယ်ရန် အီမီဒါကလိုပရစ် သို့မဟုတ် ဖစ်ပရိုနေးလ် စသည့် ပင်လုံးပြန့်ပိုးသတ်ဆေးကို ပမာဏအနည်းငယ် ကြိုတင်ဖျန်းထားနိုင်ပြီး စိုက်ခင်းအတွင်အဝါရောင်ကော်စေးထောင်ချောက် များ သုံးနိုင်ပါတယ်။ အသက် ၃၆ ရက်ရှိပြီဖြစ်သော ခရမ်းချဉ်ပျိုးပင်များရှိ ရွက်ထွင်းပိုးနှင့် စုပ်စားပိုးများအတွက် အဘာမက်တင် နှင့် အဆီတာမီပရစ် ဆေးနှစ်မျိုးကို တွဲဖက်ဖျန်းပေးနိုင်သော်လည်း အပင်ငယ်စဉ် ဆေးလောင်ခြင်းမှ ကာကွယ်ရန် ဟော်မုန်းဆေးကိုမူ ၎င်းပိုးသတ်ဆေးများနှင့် တစ်ပြိုင်နက်တည်း မရောဘဲ ၃ ရက်ခန့် ခွာဖျန်းပေးသင့် ပါတယ်။ မိုးမရွာပါက ပျိုးပင်များကို ရေမှန်မှန်လောင်း၍ အရိပ်ကာအောက်တွင် ထားပြီး ညနေစောင်းအချိန်ကို ရွေးချယ်မြေချရပါမယ်ခင်ဗျာ။

9,804 လွန်ခဲ့သော ၂ လ က

ဟုတ်ကျေးဇူးအထူးပါခင်ဗျ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ခရမ်းချဉ်ပျိူး 20ရက်သားပါ တခြားပျိူးပန်းထဲမှာမဖြစ်ဘူးပျိူးပန်းတခုထဲ အဲလိုဖြစ်နေလို့ပါ 17ရက်သားတုန်း စုတ်ဖွား 1...

ဖြေကြားချက် 10 ခု

ခရမ်းချဉ်ပျိူးပင် 20ရက်သားရောက်နေပါပြီ 16ရက်သားတုန်းက အမိုင်နို ပင်သန် အြမစ်ပွား အားဆေးတမျိူးထည်းဖျန်းထားပါတယ်...

ဖြေကြားချက် 4 ခု

ဆရာတို့ခင်ဗျ ခရမ်းချဥ်ကို ဘောင်ဆွဲပီးမှ စိုက်ရမလား စိုက်ပီး အပင်ကြီးမှဘောင်ဆွဲရမလား ဘယ်ဟာအရင်လုပ်ရမလဲ​ဗျ အင်တာ...

ဖြေကြားချက် 1 ခု

ဆရာခင်ဗျ ပျိုးသက် ၃၆ ရက်သားပါ အခု ဖော်ယူ လက်ဘက်စားဇွန်း တစ်ဇွန်း ဆိုင်လာလက်ဘက်စားဇွန်း တစ်ဇွန်း ရေ နှစ်လီတာနဲ့...

ဖြေကြားချက် 3 ခု

ဆရာခင်ဗျ ခရမ်းချဥ် ခရမ်းခေါင် ပဲတောင့်ရှည် အပင်ငယ်စဥ် အဖူးမဝင်ချိန်ထိ အပင်အားဆေး တောနစ် တစ်မျိုးတည်းနဲ့ လုံ...

ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။