အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
9,744
လွန်ခဲ့သော ၂ လ က · ချောက်

ဆရာခင်ဗျ ပျိုးသက် ၃၆ ရက်သားပါ အခု ဖော်ယူ လက်ဘက်စားဇွန်း တစ်ဇွန်း ဆိုင်လာလက်ဘက်စားဇွန်း တစ်ဇွန်း ရေ နှစ်လီတာနဲ့...

ဆရာခင်ဗျ ပျိုးသက် ၃၆ ရက်သားပါ အခု ဖော်ယူ လက်ဘက်စားဇွန်း တစ်ဇွန်း ဆိုင်လာလက်ဘက်စားဇွန်း တစ်ဇွန်း ရေ နှစ်လီတာနဲ့ ပါးပါးပုတ်ထားပါတယ်ခင်ဗျ ၃၆ ရက်သားအပင်နေထားလေးကြည့်ပေးပါအူးဆျာ အခြေနေကောင်းရဲ့လား ပျိုးဗန်းနဲ့ပျိုးထားတဲ့အပင်တွေတော့ စစ်ရှောင်းရင်းနဲ့သေ ကုန်တယ်ဆျာရေ အပင်တေကြည့်ပီး ဘာတွေလိုအပ်တေးလဲ သုံးသပ်ပေးပါအူးခင်ဗျ အပင်ရေ 500 မြေချမှာဗျ မျိုးရွာတဲ့ချိန် ဘာဆေးမှသူံးမထားရသေးပါဘူး ဒီနေ့ပဲ ဆရာညွှန်တာလေးသုံးထားပါတယ်ဗျ

ပိုးမွှားရောဂါ ခရမ်းချဉ်
Post image

ဖြေကြားချက် ၃ ခု

348,301 လွန်ခဲ့သော ၂ လ က
ဤအဖြေဖြင့် ပြေလည်

ပျိုးသက် ၃၆ ရက်သား ခရမ်းချဉ်ပင်များသည် အလွန်သန်မာပြီး မြေချစိုက်ပျိုးရန် အသင့်တော်ဆုံး အဆင့်သို့ ရောက်ရှိနေပါတယ်ခင်ဗျာ။ လက်ရှိသုံးထားသော ပိုးသတ်ဆေးနှုန်းထား (ရေ ၂ လီတာတွင် လက်ဖက်စားဇွန်း ၁ ဇွန်းစီ) သည် ပျိုးပင်ငယ်အတွက် အနည်းငယ် ပြင်းထန်သဖြင့် နောက်နောင်တွင် ဆေးနှုန်းထား လျှော့သုံးသင့်ပါတယ် အခန့်မသင့်ရင် အပင်လောင်တာမျိုးဖြစ်မှာစိုးရိမ်လို့ပါ။ အပင် ၅၀၀ စိုက်ပျိုးရာတွင် မြေခံကောင်းကောင်းထည့်ခြင်း၊ ညနေခင်းတွင် စိုက်ခြင်း၊ ပင်စည်ကို မြေနက်နက်မြှုပ်စိုက်ခြင်းနှင့် အပင်ချင်း ၁ ပေခွဲမှ ၂ ပေ ခွာစိုက်ခြင်းတို့ကို စနစ်တကျ လုပ်ဆောင်ပေးသင့်ပါတယ်။

9,744 လွန်ခဲ့သော ၂ လ က

အဆိုရင် အမိုင်နို လိုက်ပေးဖို့လိုပါသလားဆရာ

9,744 လွန်ခဲ့သော ၂ လ က

ဟုတ်ကဲ့ခင်ဗျ ကျေးဇူးတငိပါတယ်ခင်ဗျ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ဆရာခင်ဗျ ရုံးအတီခင်း ဖြုတ်စိမ်းတော့မကျသေးပါဘူး ဖြုတ်စိမ်း ကာကွယ်ဖို့အတွက် ဘယ်လိုပိုးသတ်ဆေးတွေဖျန်းလို့ရပါသလဲ...

ဖြေကြားချက် 2 ခု

ခရမ်းချဉ်ပျိူး 20ရက်သားပါ တခြားပျိူးပန်းထဲမှာမဖြစ်ဘူးပျိူးပန်းတခုထဲ အဲလိုဖြစ်နေလို့ပါ 17ရက်သားတုန်း စုတ်ဖွား 1...

ဖြေကြားချက် 10 ခု

ခရမ်းချဉ်ပျိူးပင် 20ရက်သားရောက်နေပါပြီ 16ရက်သားတုန်းက အမိုင်နို ပင်သန် အြမစ်ပွား အားဆေးတမျိူးထည်းဖျန်းထားပါတယ်...

ဖြေကြားချက် 4 ခု

ဆရာခင်ဗျ ခရမ်းချဥ် ခရမ်းခေါင် ပဲတောင့်ရှည် အပင်ငယ်စဥ် အဖူးမဝင်ချိန်ထိ အပင်အားဆေး တောနစ် တစ်မျိုးတည်းနဲ့ လုံ...

ဖြေကြားချက် 3 ခု

ဆရာခရမ်းချဥ် 39 ရက်သားပါ 36 ရက်သားတုန်းက ရွက်ထွင်းလေးတေ တွေ့လို့ အဘာမက်တင် နဲ့ အစီတာ အနည်းငယ်စီတော့ဖျန်းမိပါ...

ဖြေကြားချက် 0 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။