အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
417
လွန်ခဲ့သော ၂ လ က · ပြည်

မြေပဲ ရက် ၅၀ ရှိပါပြီ မြေခံမှာ ဘိုကာရှီ၊ ဂျစ်ပ်ဆန် ၊ ဆန်ကွဲ ရောပြီးသုံးထားပါတယ် မြေပဲ အထူး အားဆေး ၂ ကြိမ်ဖြန်း...

မြေပဲ ရက် ၅၀ ရှိပါပြီ မြေခံမှာ ဘိုကာရှီ၊ ဂျစ်ပ်ဆန် ၊ ဆန်ကွဲ ရောပြီးသုံးထားပါတယ် မြေပဲ အထူး အားဆေး ၂ ကြိမ်ဖြန်းထားပြီး မှို နဲ့ပိုးဆေး (ဓာတုဆေး )လည်း ၂ကြိမ်စီဖြန်းထားပါတယ် ရက် ၄၀ သားမှာ ဂျစ်ပ်ဆန်နဲ့မြေဆွေး ရောပြီးကျွေးထားပါတယ် အပင်က မညီပဲ နေရာအချို့မှာ အပင်က အစိမ်းနည်းတယ် အပင်ပုတယ် ဘာထပ်လုပ်ပေးသင့်ပါသလဲ ပုလဲနဲ့လက်ချား ဖြန်းပေးသင့်လား

အပင်အာဟာရ မြေပဲ
Post image
Post image
Post image

ဖြေကြားချက် ၁ ခု

348,301 လွန်ခဲ့သော ၂ လ က
ဤအဖြေဖြင့် ပြေလည်

မြေခံတွင် ကွန်ပေါင်း၊ ဂျစ်ပဆန်နှင့် ဆန်ကွဲကျွေးထားပြီး ရက် ၄၀ တွင် ဂျစ်ပဆန်နှင့် မြေဆွေး ထပ်မံကျွေးထားသဖြင့် မြေပဲဥအောင်ရန် အခြေခံအာဟာရ လုံလောက်မှုရှိပါတယ်။ သို့သော် အပင်အချို့ ပုပြီး အစိမ်းရောင်နည်းနေခြင်းမှာ အမြစ်မှ နိုက်ထရိုဂျင်နှင့် အနည်းလိုအာဟာရ စုပ်ယူမှု အားနည်းနေခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ အရွက်များ အစိမ်းရောင်ပြန်တောက်လာစေရန် နိုက်ထရိုဂျင်အချိုး အနည်းငယ်ပါ သောရွက်ဖျန်း အားဆေးကို မဂ္ဂနီဆီယမ်၊ သွပ် (Zinc) တို့ပါဝင်သော အနည်းလိုဓာတ်များနှင့် အမိုင်နိုအက်စစ်ရောစပ်၍ အရွက်ဖျန်းဆေးအဖြစ်ဖျန်းပေးလို့ရပါမယ်။

You

ဆက်စပ်မေးခွန်းများ

မြေပဲ ဇွယ် တွေပါမြေပဲဥရအောင် မြေပဲပင်ဘယ်နှရက်သားမှာ ဘာလုပ်ရပါသလဲ

ဖြေကြားချက် 0 ခု

ရွက်ဖျန်းဆေး ဖော့စဖိတ်နဲ့ကယ်ဆီယမ် ရောဖျန်းတဲ့အခါမှာ ဆေးခဲပြီး အာနိသင်ရော့တယ်ဆိုတာ ဟုတ်ပါသလား ဆရာ။

ဖြေကြားချက် 3 ခု

မြေပဲစွယ်ချချိန်မှာ.ကယ်(လ်)စိပလပ်(စ်)...သူမှာပါတဲ့အချိုးက...ကယ်စိယမ်5:0%.မဂ္ဂနိဆိယမ်3:0%..ဘိုရွန်.0:5%အဲဒါပတ်...

ဖြေကြားချက် 2 ခု

မြေပဲပင် ရက် ၅၄ ရှိပါပြီ စွယ်ချနေပြီမလို့ ပုလဲ နဲ့ လက်ချား ဖြန်းပေးသင့်လား အမိုင်နို ဖြန်းပေးသင့်လား ဘာကို...

ဖြေကြားချက် 4 ခု

မြေပဲပေါင်းလိုက်ချိန်အမှန်ဘယ်နှစ်ရက်သားကစပြီးပြုလုပ်ရပါသလဲခင်ဗျာ အပွင့်ပွင့်ချိန်လိုက်ရမလား မပွင့်ခင်လိုက်ရမ...

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။