အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
616
လွန်ခဲ့သော ၂ လ က · မကွေး

ရွက်ဖျန်းဆေး ဖော့စဖိတ်နဲ့ကယ်ဆီယမ် ရောဖျန်းတဲ့အခါမှာ ဆေးခဲပြီး အာနိသင်ရော့တယ်ဆိုတာ ဟုတ်ပါသလား ဆရာ။

အပင်အာဟာရ မြေပဲ

ဖြေကြားချက် ၃ ခု

အတည်ပြုပြီး 1,116,061 လွန်ခဲ့သော ၂ လ က
ဤအဖြေဖြင့် ပြေလည်

ဟုတ်ပါတယ်၊ကယ်လ်စီယံနဲ့ ဖော့စဖိတ် ရောရင်၊ကယ်လ်စီယံဖော့စဖိတ် အဖြစ်၊ရေမှာမပျော်ဝင်တဲ့ အစိုင်အခဲ ဖြစ်သွားနိုင်ပြီးအာနိသင်လျော့ကျစေပါတယ်။

347,513 လွန်ခဲ့သော ၂ လ က

ဖော့စဖိတ် (Phosphate) ပါသော အရွက်ဖျန်းအားဆေးနှင့် ကယ်လ်စီယမ်(Calcium ) တို့ကို ဆေးဖျန်းပုံးတစ်ခုတည်းတွင် အတူတူရောစပ်ပါက ဓာတုဗေဒသဘောအရ ဓာတ်ပြုပြီး ရေတွင်မပျော်ဝင်နိုင်သော ကယ်လ်စီယမ်ဖော့စဖိတ် အနယ်များ အဖြစ် ဆေးခဲသွားတတ်ပါတယ်။ ဤသို့ ဆေးခဲခြင်းကြောင့် ဆေးဖြန်းပုံးဇကာနှင့် ခေါင်းများ ပိတ်ဆို့ပျက်စီးစေရုံသာမက အပင်က စုပ်ယူရမည့် အာဟာရဓာတ်များပါ ဆုံးရှုံးသွားသဖြင့် ဆေးအာနိသင် လုံးဝမရှိတော့ဘဲ ရွက်လောင်ခြင်းကိုပါ ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် ၎င်းဆေးနှစ်မျိုးကို အတူတူမရောစပ်ဘဲ အနည်းဆုံး ၇ ရက်မှ ၁၀ ရက်ခန့် ခြားပြီး တစ်မျိုးစီ သီးခြားခွဲ၍ ဖြန်းပေးရပါမယ်ခင်ဗျာ။

616 လွန်ခဲ့သော ၂ လ က

ဟုတ်ကဲ့ ကျေးဇူးပါဆရာ။

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။