အသီးမာအမည်းစက်လေးတွေအပေါက်ကလေးတွေဖြစ်နေပါတယ် အသီးပုပ်တာမျိုးတော့မရှိပါဘူး ပိုးကောင်လည်းသိပ်မတွေ့ပါဘူး မှိုရောဂါဖြစ်နိုင်မလား ဘယ်လိုကာကွယ်ရမလဲ အကြံပေးကြပါဗျ
ပုံပါ ဘူးသီးမျက်နှာပြင်ပေါ်တွင် တွေ့ရသော အမည်းစက်လေးများသည် စိုထိုင်းဆများခြင်းကြောင့် ဖြစ်တတ်သော မှို သို့မဟုတ် ဘက်တီးရီးယား အသီးအစက်ပြောက်ရောဂါ လက္ခဏာများ ဖြစ်နိုင်ခြေ အလွန်များပါတယ်။ လတ်တလောတွင် ဘူးစင်အောက်ခြေရှိ အဝါရောင်သန်းနေသော အရွက်ဟောင်းများနှင့် ရောဂါရွက်များကို လေဝင်လေထွက် ကောင်းမွန်စေရန် အမြန်ဖယ်ရှား ရှင်းလင်းပေးရပါမယ်။ ထို့နောက် ကာဗင်ဒါဇင် (Carbendazim) သို့မဟုတ် ကော့ပါးအခြေခံ မှိုသတ်ဆေး (Copper Fungicide) တစ်မျိုးမျိုးကို ဆေးညွှန်းအတိုင်း ဖျော်စပ်၍ တစ်ပတ်တစ်ကြိမ်နှုန်းဖြင့် ၂ ကြိမ်ခန့် စနစ်တကျ ပက်ဖျန်းပေးခြင်းဖြင့် ရောဂါပြန့်ပွားမှုကို အမြန်ဆုံး ထိန်းချုပ်နိုင်ပါလိမ့်မယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဘူးပင်ကိုဘယ် ရာသီတွေမှာစိုက်တာအကောင်းဆုံးလဲဗျ
ဖြေကြားချက် 2 ခု
ကျွန်တော်စိုက်ခင်းမှာ အဓိက ဘူး၊ရွှေဖရုံ၊ကျောက်ဖရုံစိုက်ပါတယ်။ သီးလာတဲ့ အသီးတွေကြတော့ ပျားကိုက်လို့ ပုက်ကုန်ပါ...
ဖြေကြားချက် 1 ခု
ဧကရီ၁၂၃ရုံးပတီကခုချိန်စိုက်လို့အဆင်ပြေလားခင်ဗျ.. ဆရာတို့အလင်းပြပါခင်ဗျ
ဖြေကြားချက် 2 ခု
မေလတွင် ဘူး စိုက်ပျိုးလျှင််ဘယ်လိုမျိုးစိုင်ပျိုးသင့်ပါသလဲ မိုးများသောကာလရောက်လာမယ်ဖြစ်သောကြောင့်စိုက်ပျိုးမယ်...
ဖြေကြားချက် 3 ခု
မြေလွှတ်ဘူးညွှန့်အထွက်နှုန်းကောင်းအောင်ဘာဆေးသုံးသင့်ပါသလဲ
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။