အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
650
လွန်ခဲ့သော ၁ လ က · မင်းတပ်

ဖော်ပြပါဓါတ်ပုံအတိုင်း အမည်မသိရောဂါကျရောက်ဖျက်ဆီးနေပါတယ်။ရောဂါ အမျိုးအစားနှင့်ကုသကာကွယ်ရေးနည်းလမ်းပြန်ကြားပေး...

ဖော်ပြပါဓါတ်ပုံအတိုင်း အမည်မသိရောဂါကျရောက်ဖျက်ဆီးနေပါတယ်။ရောဂါ အမျိုးအစားနှင့်ကုသကာကွယ်ရေးနည်းလမ်းပြန်ကြားပေးပါ။

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၂ နှစ်
ပိုးမွှားရောဂါ ကော်ဖီ
Post image
Post image

ဖြေကြားချက် ၂ ခု

348,948 လွန်ခဲ့သော ၁ လ က

ကော်ဖီဗယ်ရီမှိုရောဂါ (CBD) ကျနေတာပါ။ထိရောက်စွာ နှိမ်နင်းရန်အတွက် ရောဂါသံသရာကို ဖြတ်တောက်ရန် အလွန်အရေးကြီးပါတယ်။ ဦးစွာ အပင်ပေါ်နှင့် မြေပေါ်ရှိ ရောဂါရ ကော်ဖီသီးပုပ်၊ သီးခြောက်အားလုံးကို လိုက်လံကောက်ယူ မီးရှို့ဖျက်ဆီးရပါမယ်။ ထို့နောက် လေဝင်လေထွက်ကောင်းပြီး စိုထိုင်းဆလျော့ကျစေရန် ကိုင်းရှင်းပေးခြင်းကို မပျက်မကွက် လုပ်ဆောင်ပါ။ ဓာတုဆေးဝါးအနေဖြင့် မိုးမရွာမီနှင့် ရောဂါစတင်ချိန်တွင် ကော့ပါးအောက်ဆီကလိုရိုက် (Copper Oxychloride) ကဲ့သို့သော ကော့ပါးမှိုသတ်ဆေးများ သို့မဟုတ် ပင်လုံးပျံ့မှိုသတ်ဆေးများကို တစ်လတစ်ကြိမ် လှည့်ပတ်ပက်ဖြန်းပေးခြင်းဖြင့် ကော်ဖီသီးများ ပုပ်ပျက်ခြင်းမှ ကာကွယ်နိုင်ပါတယ်။

70 လွန်ခဲ့သော ၁ လ က

ကွမ်းခြံဆီစွန်းရောဂါအတွက်ဘာဆေးသုံးရပါသလဲ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။