အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
13
လွန်ခဲ့သော ၁ ပတ် က · မင်းတပ်

ပျိုးပင် အရွက်ဝါပြီး ရွှက်ဖျားခြောက်နေခြင်းကို ဘာဓာတ်လိုအပ်တာလဲ? ဘယ်လိုကာကွယ်ရမလဲ?

စိုက်ပျိုး ရေ ကော်ဖီ
Post image

ဖြေကြားချက် ၂ ခု

348,301 လွန်ခဲ့သော ၁ ပတ် က

ပုံပါ ကော်ဖီပျိုးပင်များတွင် တွေ့ရသော လက္ခဏာမှာ နေလောင်ဒဏ်၊ အပူဒဏ်နှင့် နိုက်ထရိုဂျင် (N)၊ သံဓာတ် (Fe) ပြင်းထန်စွာ ချို့တဲ့ခြင်းကြောင့်ဖြစ်သော အာဟာရနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာ ဖြစ်ပါတယ်။ အပင်များ အာဟာရချို့တဲ့ပြီး အားနည်းသွားချိန်တွင် ဒုတိယအဆင့်အနေဖြင့် Cercospora ရွက်ပြောက်မှို ရောဂါ ဝင်ရောက်နှောင့်ယှက်ခြင်း ဖြစ်ပါတယ်။ ကုသရန်အတွက် ပျိုးဘောင်ပေါ်တွင် ၅၀%-၇၀% အရိပ်ပိုက် (Shade net) ချက်ချင်းမိုးပေးခြင်း၊ 20-20-20+TE ရွက်ဖျန်းမြေဩဇာဖြည့်ပေးခြင်း၊ ပျိုးအိတ် ရေဝပ်မှုမရှိစေရန် ထိန်းသိမ်းခြင်းနှင့် အကယ်၍လိုအပ်ပါက ကော့ပါးမှိုသတ်ဆေး (Copper-based fungicide) သို့မဟုတ် Mancozeb ကို နှုန်းထားအနိမ့်ဖြင့်ပက်ဖြန်းပေးရန် လိုအပ်နိုင်ပါတယ်။အရင်ဦးဆုံးအရိပ်ပေး၊20-20-20+TE ရွက်ဖျန်းမြေဩဇာဖြည့်ပေး၊ ပျိုးအိတ် ရေဝပ်မှုမရှိစေရန် ထိန်းသိမ်းပေးကြည့်ပါ၊ရောဂါကျ‌အရွက်များက အခြားအရွက်များကို ဆက်လက်ပျံ့ပွားခြင်းရှိမရှိစောင့်ကြည့်ပေးပါခင်ဗျ၊ပျံ့ပွားလာရင် မှိုဆေးဖျန်းရန်လိုအပ်နိုင်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။