ဖြေကြားချက် ၁ ခု
စပါးခင်းတွင် ဖလံဖြူကျရောက်ပါက အပင်ရွက်ဝါခြောက်ပြီး အထွက်နှုန်း ထိခိုက်နိုင်ပါတယ်။ ကာကွယ်ရန်အတွက်စိုက်ပျိုးရေးသုတေသန လမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့ ပင်လုံးပျံ့ပိုးသတ်ဆေးများဖြစ်သည့် အီမီဒါကလိုပရစ် (Imidacloprid)၊ သို့မဟုတ် အဆီတာမီပရစ် (Acetamiprid) ပါဝင်သော ဆေးဝါးများကို ဖလံဖြူများ ခိုအောင်းရာ ရွက်အောက်မျက်နှာပြင်ပါ ထိမိစေရန် နံနက်စောစော အချိန်တွင် စနစ်တကျ ပက်ဖျန်းသုံးစွဲလေ့ရှိတယ်။ ဓာတုဆေးအပြင် ပိုးမွှားများ ထပ်မံပွားများခြင်းမှ ကာကွယ်ရန် ယူရီးယားမြေဩဇာ အလွန်အကျွံကျွေးခြင်းကို ရှောင်ကြဉ်ခြင်းနှင့် စပါးခင်းပတ်လည်ရှိ ပေါင်းမြက်များကို ရှင်းလင်းပေးခြင်းတို့ကို ပူးတွဲလုပ်ဆောင်ရပါမယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
potassium ဘယ်မှာဝယ်လို့လာဗျာ။ သုံးခွကပါ ။ ပြန်ပြောပေးပါအုံး။ Than Tun Aungပါ မဂ်လာနေလည်လေးဖြင့်ပါစေ။။။။။။။ 📞📞📞...
ဖြေကြားချက် 6 ခု
စပါးကအရွက်ဖျားတွေဝါတာဘာဖစ်လို့ပါလဲ ဘာေးဆဖျနိးရမလဲ
ဖြေကြားချက် 3 ခု
ငါးအမိုင်နို/အီးအမ်ဇီ၀ဖျော်ရည်များကို ဓာတုပိုးသတ်ဆေးများသုံးထားသော ဆေးဖျန်းပုံးများနှင့်အသုံးပြုနိုင်ပါသလား...
ဖြေကြားချက် 2 ခု
ရေနစ်ပြီးပြန်စိုက်တာအဖျားတွေပြက်ထွက်နေတယ်ဘာဆေးဖြန်ရမလဲး
ဖြေကြားချက် 2 ခု
စပါးပင် ဘာပိုးကျတာလဲ ဘာဆေးဖျန်းရမလဲခင်ဗျာ
ဖြေကြားချက် 2 ခု
ရေပန်းစားသော အကြောင်းအရာများ