အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
159
လွန်ခဲ့သော ၁ လ က · နတ္တလင်း

ရေနစ်ပြီးပြန်စိုက်တာအဖျားတွေပြက်ထွက်နေတယ်ဘာဆေးဖြန်ရမလဲး

ပိုးမွှားရောဂါ စပါး

ဖြေကြားချက် ၂ ခု

348,948 လွန်ခဲ့သော ၁ လ က

စပါးခင်း ရေကြီးနစ်မြုပ်ပြီးနောက် အပင်များ ပြန်လည်နာလန်ထူလာစေရန် အချိန်မီ ပြုစုပျိုးထောင်ပေးဖို့ အလွန်အရေးကြီးပါတယ်။ စပါးပင်များ ပုပ်ပျက်မသွားစေရန်နှင့် အာဟာရပြန်လည်ရရှိစေရန် အောက်ပါအတိုင်း အဆင့်ဆင့် ဆောင်ရွက်ပေးရပါမယ်။ စပါးခင်း ရေနစ်ပြီးနောက် အပင်များ ပြန်လည်ကောင်းမွန်လာစေရန် ပထမဆုံးအနေဖြင့် ရေနုတ်မြောင်းများဖောက်ကာ ရေကို အမြန်ဆုံး ထုတ်ရပါမယ်။ ထို့နောက် အလင်းမှီစုဖွဲ့ခြင်း ပြန်လုပ်နိုင်ရန် အရွက်ပေါ်ရှိ နုန်းမြေများကို ရေကြည်ဖြင့် ဆေးချပါ။ ရေနစ်ချိန်တွင် အမြစ်များ အလုပ်မလုပ်နိုင်သဖြင့် မြေဩဇာကျွေးခြင်းထက် ယူရီးယား သို့မဟုတ် NPK ပါဝင်သော အပင်ဖျန်းအားဆေးများကို ဦးစွာ ပက်ဖျန်းပေးရပါမယ်။ သို့မဟုတ်Humic Acid (ဟျူးမစ်အက်ဆစ်) ပါဝင်သော ဆေးများကို ဖျန်းပေးပါ။ရေကြီးပြီးနောက် ဘက်တီးရီးယားနှင့် မှိုရောဂါများ ကျရောက်လွယ်သောကြောင့် ရောဂါကျခြင်းရှိမရှိ အမြဲစစ်ပါ။ အပင်များ ပြန်လည်လန်းဆန်းလာပြီး အမြစ်သစ် ထွက်လာသည့် (၅-၇) ရက်ခန့်တွင်မှ တစ်ဧကလျှင် ယူရီးယား (၁၅-၂၀) ပိဿာ နှင့် ပိုတက်စီယမ် (မိုရီယိတ် အော့ဖ် ပိုတက်ရှ် - MOP) (၅-၁၀) ပိဿာ ကို ရောစပ်ပြီးမြေဩဇာကို ပြန်လည်ကျွေးရပါမယ်။။ ပိုတက်စီယမ်သည် အပင်ကို ရောဂါဒဏ်နှင့် ရာသီဥတုဒဏ် ခံနိုင်ရည်ရှိစေပါတယ်။

348,948 လွန်ခဲ့သော ၁ လ က

ပုံတင်မေးပေးပါ၊မေးခွန်းက သိပ်မရှင်းဘူးဖြစ်နေပါတယ်။စပါးအရွက်အဖျားတွေ ပြတ်ထွက်တာကိုပြောတာလား

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။