အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
704
လွန်ခဲ့သော ၁ လ က · မအူပင်

အပင်ဝါပြီးအမြစ်ကလည်းနီနေတာ/အမြစ်အားလည်းနည်းနေတာ/မိုင်ဇင်းပါတယ့်မှိုသတ်ဆေးတော့ဖြန်းထားတယ်တစ်ကြိမ်နှစ်ရက်ရှိပြီ...

အပင်ဝါပြီးအမြစ်ကလည်းနီနေတာ/အမြစ်အားလည်းနည်းနေတာ/မိုင်ဇင်းပါတယ့်မှိုသတ်ဆေးတော့ဖြန်းထားတယ်တစ်ကြိမ်နှစ်ရက်ရှိပြီဖြန်းပြီးတာ/တစ်ခြားဘာလိုအပ်သေးလဲဖြေပေးကြပါဦးဆရာကြီးများ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၅၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အမြစ် တစ်ပင်လုံး အရွက်
ရာသီဥတု (တစ်ပတ်အတွင်း)
အများအားဖြင့် တိမ်ထူထပ် အသင့်တင့် တိမ်ထူထပ်ပြီး မိုးရွာ
ပိုးမွှားရောဂါ စပါး
Post image
Post image
Post image
Post image

ဖြေကြားချက် ၂ ခု

348,301 လွန်ခဲ့သော ၁ လ က
ဤအဖြေဖြင့် ပြေလည်

တောင်သူကြီး၏ စပါးခင်းသည် ရေဝပ်အောင်းပြီး မြေကြီးထဲ အောက်ဆီဂျင်ပြတ်လပ်ခြင်းကြောင့် အမြစ်ပုပ်ခြင်း ဖြစ်နိုင်ပါတယ်။ လက်ရှိဖြန်းထားသော မှိုဆေး သည် အပင်ပေါ်ဖြန်းဆေးဖြစ်၍ မြေအောက်အမြစ်ပုပ်ခြင်းကို မသက်သာစေပါဘူး။ အဓိကဖြေရှင်းနည်းမှာ လယ်ကွင်းထဲမှ ရေကို (၃)-(၅) ရက်ခန့် ကုန်အောင်ထုတ်ပါ။ မြေအောက်ဆီဂျင်ရရှိပြီး အမြစ်သစ်ထွက်လာစေရန် ရေထုတ်ပြီးမှသာ ရေစပ်စပ်ပြန်သွင်းပြီး ပိုတက်ဆီယမ်မြေသြဇာအိတ်ဝက်နှင့် ဂျစ်ဆမ်တစ်အိတ်မြေဩဇာကျဲပေးပါ။ အမိုင်နိုအက်ဆစ်နှင့်အနည်းလိုအဟာရဇင့် (Zinc) ပါသော ရွက်ဖျန်းအားဆေးကို ဖျန်းပေးရပါမယ်။ ယူရီးယား (ပုလဲ) မြေသြဇာကျွေးခြင်းကို ခေတ္တနားထားရပါမယ်။

704 လွန်ခဲ့သော ၁ လ က

ဟုတ်ကဲ့ပါဆရာကျေးဇူးပါ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။