အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
72
လွန်ခဲ့သော ၁ လ က · လက်ပံတန်း

စပါးလဲနေတာဘာလုပ်ရမလဲ အထွက်စုံနေပီ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၇၅ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
တစ်ပင်လုံး
ရာသီဥတု (တစ်ပတ်အတွင်း)
အများအားဖြင့် တိမ်ထူထပ် ရာသီဥအုံ့မှိုင်း နေရာကွက်ကျားမိုးရွာ အများအားဖြင့်တိမ်ထူထပ်ပြီး မိုးရွာ
စိုက်ပျိုးစီးပွား စပါး
Post image

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၁ လ က
ဤအဖြေဖြင့် ပြေလည်

လဲနိုင်မယ့်ဖက်ကို၊ ဟိုထိပ်၊ဒီထိပ်၊ ပီနံကြိုးနဲ့ တားထားပေးပါ။လယ်ကွက်ရှည်ရင်၊ကြားထဲမှာ ငာပ်တိုင် များများစိုက်ပါ။ ထိပ်က တောင့်ခံထားရင်၊အတိုင်းအတာတခုထိတော့ သက်သာနိုင်ပါတယ်။အကြံပြုတာပါ။

348,957 လွန်ခဲ့သော ၁ လ က

စပါးနှံများ အထွက်စုံချိန်တွင် အပင်ယိုင်လဲခြင်း သည် အထွက်နှုန်းနှင့် ဆန်အရည်အသွေးကို များစွာ ထိခိုက်စေနိုင်ပါတယ်။ အရေးပေါ်အနေဖြင့် စပါးခင်းအတွင်းရှိ ရေကို အမြန်ဆုံးပြတ်အောင် ထုတ်ပစ်ရန်၊ အပင်များကို ၃-၄ ပင်တွဲ၍ ပြန်လည်ထူပေးရန်နှင့် အချိန်ဆွဲမနေဘဲ အသီးရင့်မှည့်သည့်အခါအမြန်ဆုံး ရိတ်သိမ်းရန် လိုအပ်ပါတယ်။ ဤသို့ဖြစ်ရခြင်းမှာ ပုလဲမြေသြဇာ အလွန်အကျွံသုံးခြင်း၊ ပိုတက်ဆီယမ်နှင့် ဆီလီကွန်ဓာတ် ချို့တဲ့ခြင်း၊ အပင်သိပ်သည်းဆ များခြင်းနှင့် ရာသီဥတုဆိုးရွားခြင်းတို့ကြောင့် ဖြစ်တာပါ။ နောင်ရာသီတွင် ကာကွယ်ရန် ပုလဲ၊ တီစူပါနှင့် ပိုတက်ဆီယမ် မြေသြဇာများကို အချိုးကျခွဲကျွေးခြင်း၊ ဆီလီကွန်ဓာတ် ဖြည့်စွက်ခြင်း၊ အပင်ပုပြီး ပင်စည်တောင့်သော မျိုးသန့်များကို ရွေးချယ်စိုက်ပျိုးခြင်းနှင့် ရေသွင်းရေထုတ် စိုတစ်လှည့်ခြောက်တစ်လှည့်စနစ် (AWD) ကို ကျင့်သုံးခြင်းဖြင့် စပါးမြစ်ကို ခိုင်ခံ့စေပါမယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။