ဘိုစားပဲသံချေးလိုက်နေလို့ပါဘာဆေးသုံးရမလဲရှင့်
ကျေးဇူးပါရှင့်
ဘိုစားပဲခင်းတွင် ကျရောက်နေသည်မှာ သိပ္ပံအမည် Colletotrichum lindemuthianum ဟုခေါ်သည့် ပဲမှည့်ပျောက်စွန်း ရောဂါ (Bean Anthracnose) ဖြစ်ပါတယ်။ ဤမှိုရောဂါသည် အပူချိန်နှင့် စိုထိုင်းဆမြင့်မားချိန်တွင် လျင်မြန်စွာ ပြန့်ပွားတတ်ပြီး အရွက်ကြောများ၊ ရွက်ညှာများနှင့် ပဲသီးများပေါ်တွင် အုတ်နီရောင်မှ အမည်းရောင်ရှိသော ချိုင့်ဝင်နေသည့် ရောဂါကွက်များ ဖြစ်ပေါ်စေကာ အပင်ကို ညှိုးနွမ်းသေဆုံးစေပါတယ်။ ရောဂါကို ထိန်းချုပ်ရန်အတွက် အဇိုလ်ဆီစထရိုဘင် + ဒိုင်ဖီနိုကိုနာဇိုလ်း(Azoxystrobin + Difenoconazole) ကဲ့သို့သော ပင်လုံးပျံ့မှိုသတ်ဆေးကို မန်ကိုဇက် (Mancozeb) ကဲ့သို့ ကာကွယ်ဆေးများနှင့် အလှည့်ကျပက်ဖျန်းကာကွယ်ပေးရပါမယ်။ ထို့ပြင် ရောဂါပိုးသည် ရေစိုနေချိန်တွင် လူ သို့မဟုတ် ကိရိယာများနှင့် ထိမိရာမှတစ်ဆင့် အလွယ်တကူ ကူးစက်နိုင်သဖြင့် အပင်များ စိုစွတ်နေချိန်တွင် စိုက်ခင်းထဲဝင်ခြင်းကို ရှောင်ကြဉ်ရန်နှင့် နောက်ရာသီတွင် ရောဂါကင်းစင်သော မျိုးစေ့ကိုသာ ရွေးချယ်စိုက်ပျိုးရန် အထူးလိုအပ်ပါတယ်
ဆက်စပ်မေးခွန်းများ
ဘိုစားပဲပင် အပင်မကြီးပဲတိုင်မဆုံးခင်အပွင့်ပွင့်တာဘာလို့လဲရှင့် အပင်မကောင်းတော့စိတ်ညစ်နေလို့ပါ နောက်ဆုံးပုံကအ...
ဖြေကြားချက် 1 ခု
အရွက်တွေအဲလိုဖြစ်နေလို့ဘာဆေးဖြန်းရမှာလဲဗျာအကြံပြုပေးကြပါအုန်းဗျာ
ဖြေကြားချက် 2 ခု
အရွက်တွေအဲလိုဖြစ်နေလို့ဘာဆေးဖြန်းရမှာလည်းဗျာအကြံပြုပေးကြပါအုန်းဗျာ
ဖြေကြားချက် 0 ခု
ဘိုစားပဲစိုက်ပျိုးနည်းသိချင်ပါတယ်
ဖြေကြားချက် 1 ခု
မြေဖုံးသီးနှံပင် များကိုဖော်ပြပါ။
ဖြေကြားချက် 0 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။