အရွက်ကဘာဖစ်လည်းဆိုတာသိချင်လို့ပါဗျ
ပုံပါ ဘိုစားပဲပင်တွင် အရွက်များ ဝါဖျော့နေခြင်းသည် အာဟာရဓာတ် ချို့တဲ့မှုနှင့် စုပ်စားပိုး ကျရောက်မှုတို့ကြောင့် ဖြစ်နိုင်ပါတယ်။ အရွက်ရင့်များ တစ်ပြင်လုံး ဝါနေခြင်းမှာ နိုက်ထရိုဂျင် (Nitrogen) ချို့တဲ့ခြင်းဖြစ်ပြီး၊ အရွက်နုများတွင် ရွက်ကြောစိမ်းပြီး ရွက်ကြောကြား ဝါခြင်းမှာ သံဓာတ် (Iron) ချို့တဲ့ခြင်း ဖြစ်နိုင်ပါတယ်။ ထို့ပြင် အရွက်များမှ အာဟာရရည် စုပ်ယူတတ်သည့် လှေးပိုး၊ ယင်ဖြူ၊ မွှားပင့်ကူနီ စသည့် စုပ်စားပိုးများ ရှိမရှိ သိရှိနိုင်ရန် အရွက်အောက်မျက်နှာပြင်ကို သေချာလှန်၍ ရှာဖွေစစ်ဆေးရပါမယ်။ ကုသရန်အတွက် အမိုင်နို ရွက်ဖျန်းအားဆေးနှင့် အနည်းလိုအာဟာရ များကို ပက်ဖျန်းပေးရမည်ဖြစ်ပြီး၊ စုပ်စားပိုးတွေ့ပါက တမာဆေးရည် သို့မဟုတ် ပင်လုံးပျံ့ပိုးသတ်ဆေး သုံးစွဲပေးရပါမယ်။ ရေဝပ်ခြင်းကြောင့်လည်း အမြစ်က အာဟာရမစုပ်နိုင်ဘဲ ဝါတတ်သဖြင့် ရေသွင်းရေနုတ်ကိုလည်း ဂရုစိုက်ပေးရပါမယ်။
ဆက်စပ်မေးခွန်းများ
ဘိုစားပဲသံချေးလိုက်နေလို့ပါဘာဆေးသုံးရမလဲရှင့်
ဖြေကြားချက် 2 ခု
ဘိုစားပဲပင် အပင်မကြီးပဲတိုင်မဆုံးခင်အပွင့်ပွင့်တာဘာလို့လဲရှင့် အပင်မကောင်းတော့စိတ်ညစ်နေလို့ပါ နောက်ဆုံးပုံကအ...
ဖြေကြားချက် 1 ခု
အရွက်တွေအဲလိုဖြစ်နေလို့ဘာဆေးဖြန်းရမှာလဲဗျာအကြံပြုပေးကြပါအုန်းဗျာ
ဖြေကြားချက် 2 ခု
အရွက်တွေအဲလိုဖြစ်နေလို့ဘာဆေးဖြန်းရမှာလည်းဗျာအကြံပြုပေးကြပါအုန်းဗျာ
ဖြေကြားချက် 0 ခု
ဘိုစားပဲစိုက်ပျိုးနည်းသိချင်ပါတယ်
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။