အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
560
လွန်ခဲ့သော ၃ ပတ် က · ရပ်စောက်

ခရမ်းချဉ် အသီးကင်းတွေကွဲနေလို့ပါ မြေပြင်ချိန်တုန်းက ကျောက်မူန့်လည်းထည်းထားပါတယ် အသီးပွင့်အားဆေး ကောမက်ထရစ်...

ခရမ်းချဉ် အသီးကင်းတွေကွဲနေလို့ပါ မြေပြင်ချိန်တုန်းက ကျောက်မူန့်လည်းထည်းထားပါတယ် အသီးပွင့်အားဆေး ကောမက်ထရစ်နှင့် နျူထရီဖော့ဖျန်းထားတာ 2ပတ်ရှိပါပြီ ဘာလိုအပ်နေသေးတာလည်း ပြောပြပေးပါအုံး အသီးကင်းတွေကွဲပြီး အသီးမတင်လို့ပါ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၄၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အသီး
စိုက်ပျိုးနည်း ခရမ်းချဉ်
Post image
Post image

ဖြေကြားချက် ၃ ခု

အတည်ပြုပြီး 323,965 လွန်ခဲ့သော ၃ ပတ် က

နိုက်ထရိုဂျင် N ကျွေးတာကို လျှော့ပြီး ပိုတက်ဆီယမ်နဲ့ အနည်းလိုအဟာရဓာတ် ကျွေးတာမျိုး လုပ်ပေးပါ။ ကယ်လ်ဆီယမ်-ဘိုရွန် (Calcium-Boron) အရွက်ဖျန်းဆေးကို ဝယ်ယူပြီး အညွှန်းပါအတိုင်း ဖျန်းပေးပါ။ ဘိုရွန် (Boron) ဓာတ်က အသီးတင်စေရန်နဲ့ အသီးအရေခွံ မကွဲစေရန် အထူးကူညီပေးပါတယ်။ ရေသွင်းချိန်ကိုလည်း အချိန်ရော ပမာဏရော ပုံမှန်ဖြစ်အောင် ဂရုစိုက်ပေးပါ။

560 လွန်ခဲ့သော ၃ ပတ် က

ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျ

348,948 လွန်ခဲ့သော ၃ ပတ် က

စိုက်ပျိုးသူသည် မြေပြင်စဉ်ကတည်းက ဂျစ် ဆမ်(ကယ်လ်စီယမ်) ကျွေးထားပြီး အနည်းလိုအာဟာရစုံနှင့် ရွက်ဖျန်းအားဆေးများကို စနစ်တကျ ဖျန်းထားသော်လည်း အသီးကင်းများ ကွဲအက်ကာ အသီးမလှခြင်းဖြစ်နေရတာက မှိုကြောင့်ဖြစ်သော အော်လ်တာနေးရီးယား သို့မဟုတ် Blossom-end rot (အသီးဖင်ပုပ်) မဟုတ်ဘဲ ရာသီဥတုနှင့် အာဟာရမျှတမှုမရှိခြင်းကြောင့် ဖြစ်ရသည့် Catface (ကြောင်မျက်နှာကဲ့သို့ ပုံပျက်ကွဲအက်ခြင်း) ပြဿနာသာ ဖြစ်ပါတယ်။ ပန်းပွင့်ချိန်တွင် ညဘက်အပူချိန် အလွန်အေးခြင်း၊ ရွက်ဖျန်းဆေးကြောင့် နိုက်ထရိုဂျင်နှင့် ဟော်မုန်းဓာတ် လွန်ကဲခြင်းတို့ကြောင့် ဆဲလ်များ ပုံမှန်မဖွံ့ဖြိုးဘဲ အသီးခွံများ ကွဲကုန်ခြင်း ဖြစ်ပါတယ်။ ၎င်းကို ကုသရန်အတွက် လက်ရှိရွက်ဖျန်းဆေးများကို ခေတ္တရပ်နားပြီး၊ အသီးခွံဆဲလ်များ မကွဲအောင် ထိန်းပေးနိုင်သည့် ဘိုရွန် (Boron) ဓာတ်ကို သီးသန့်ဖြည့်တင်းပေးရန်နှင့် ရေသွင်းမှုကို အကြိမ်ရေ မှန်မှန်ကန်ကန် ထိန်းညှိပေးရန် လိုအပ်ပါတယ်။အရွက်တွေပင်စည်တွေမှာ လက္ခဏာမပြဘဲ အသီးမှာ ဖြစ်တယ်ဆိုရင်တော့ Catface (ကြောင်မျက်နှာကဲ့သို့ ပုံပျက်ကွဲအက်ခြင်း) ပြဿနာဖြစ်တာသေချာပါတယ်ခင်ဗျာ။Blossom-end rot (အသီးဖင်ပုပ်)ခြင်းနဲ့လည်းမှားတတ်ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။