အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
U San
U San 160
လွန်ခဲ့သော ၁ လ က · ရွှေတောင်

ဆရာတို့ခင်ဗျာ စပါးခင်းမှာ အရွက်တွေဝါပြီး အဖျားတွေခြောက်နေလို့ဘယ်လိုမျိုးကုသနိုင်မလဲ ဘယ်လိုဆေးမျိုးသုံးသင့်ပါသလဲခင်ဗျာ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၇၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အညွန့်
ရာသီဥတု (တစ်ပတ်အတွင်း)
အသင့်တင့် နေသာပြီး မိုးရွာ
ပိုးမွှားရောဂါ စပါး
Post image
Post image

ဖြေကြားချက် ၄ ခု

Green Way
Green Way အတည်ပြုပြီး 927 လွန်ခဲ့သော ၁ လ က

https://greenwaymyanmar.com/posts/Rice_Bacterial_Leaf_Blight_Potassium Deficiency_Bacterial_Leaf_streaks_Symptoms_and_Solving

သော်ဇင်
သော်ဇင် 378,402 လွန်ခဲ့သော ၁ လ က

ရောဂါကျစပါးရွက်၏လက္ခဏာပုံကိုထင်ရှားစွာမမြင်ရသည့်အတွက် အတိအကျဖြေရန်ခက်နေပါတယ်၊ ‌မိမိဘာသာကွင်းဆင်းစစ်ဆေးကြည့်ပါခင်ဗျာ၊ စပါးခင်းတွင် အရွက်များဝါပြီး အဖျားခြောက်ရခြင်းသည် အဓိကအားဖြင့် အကြောင်းရင်း (၃) မျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ပထမဆုံးအနေဖြင့် ဘက်တီးရီးယား ရွက်ခြောက်ရောဂါ (BLB) ဖြစ်နိုင်ပြီး၊ အရွက်နားများတွင် "V" ပုံသဏ္ဍာန်လှိုင်းတွန့်များဖြင့် ဝါခြောက်ကာ မနက်စောစောတွင် စေးပျစ်သော ပိုးစေးရည်စက်လေးများ တွေ့ရတတ်ကာ၊ ဖြစ်ပွားပါက ကော့ပါး (Copper) သို့မဟုတ် ကာဆူဂါမိုင်စင် (Kasugamycin) ဘက်တီးရီးယားသတ်ဆေးများ ဖျန်းရပါမယ်။ ဒုတိယအချက်မှာ ပိုတက်ဆီယမ် (K) ဓာတ်ချို့တဲ့ခြင်း ဖြစ်နိုင်ပြီး၊ အောက်ရွက်ဟောင်းများ၏ ရွက်နားတစ်လျှောက် ညီညီညာညာ ဝါခြောက်လာတတ်ကာ ပိုတက်ရှ် (MOP) မြေဩဇာ ကျွေးခြင်းဖြင့် ကုသနိုင်ပါတယ်။ တတိယအချက်မှာ မှိုကြောင့်ဖြစ်သော ဂုတ်ကျိုးရောဂါ (Blast) ဖြစ်နိုင်ပြီး၊ အရွက်ပေါ်တွင် အလယ်မီးခိုးရောင်၊ ဘေးအညိုရောင်ရှိသည့် လွန်းပုံသဏ္ဍာန် (မျက်လုံးပုံစံ) အကွက်များ တွေ့ရတတ်ကာ၊ ထရိုင်ဆိုင်ကလာဇိုး (Tricyclazole) ကဲ့သို့သော ပင်လုံးပျံ့မှိုသတ်ဆေးများဖြင့် နှိမ်နင်းရပါမယ်။ တောင်သူကြီးအနေဖြင့် လယ်ကွက်ထဲဆင်း၍ အရွက်များ၏ အနီးကပ်လက္ခဏာကို ကြည့်ရှုကာ မည်သည့်အချက်နှင့် ကိုက်ညီသည်ကို စစ်ဆေးပြီးမှ မှန်ကန်သော ဆေးဝါးကို ရွေးချယ်သုံးစွဲသင့်ပါတယ်။

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,120,677 လွန်ခဲ့သော ၁ လ က

ပုံက မရှင်းလို့ တိတိကျကျတော့မပြောနိုင်ပါ။ခန့်မှန်းကြည့်ရတာ၊ရွက်ဖုံးခြောက်ရောဂါနဲ့ ပိုတက်ချို့တဲ့လက္ခဏာလို့ယူဆပါတယ်။ azoxystrobin+difenoconazole ဖျန်းပါ။ပိုတက်‌+ဂျစ်ဆန်ကျွေးပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။