အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
9,744
လွန်ခဲ့သော ၃ ပတ် က · ချောက်

ဆရာရေ လုပ်ပါအူးဗျ အခုညအပင်တွေ လိုက်ကြည့်ပီး အပင်တွေလဲနေလို့ ပြင်ပေးရင်း အလိုလုံးတွေတွေ့ရတယ်ဆျာ တစ်နှစ်မှမကြုံ...

ဆရာရေ လုပ်ပါအူးဗျ အခုညအပင်တွေ လိုက်ကြည့်ပီး အပင်တွေလဲနေလို့ ပြင်ပေးရင်း အလိုလုံးတွေတွေ့ရတယ်ဆျာ တစ်နှစ်မှမကြုံဖူးဘူးဆရာ ဘာကြောင့်ဖြစ်တာလဲဆရာ ကယ်စီယမ်း ဘိုရွန်း တစ်ကြိမ်ဝင်ထားပါတယ် ကယ်စီယမ်းနဲ့ပိုတက်လဲဝင်ထားတယ် ကူညီပါအူးဆရာရေ😌

အပင်အာဟာရ ခရမ်းချဉ်
Post image

ဖြေကြားချက် ၄ ခု

348,301 လွန်ခဲ့သော ၃ ပတ် က
ဤအဖြေဖြင့် ပြေလည်

ပုံပါ ခရမ်းချဉ်သီးများတွင် ဖြစ်ပွားနေသည်မှာ ပိုးမွှား သို့မဟုတ် မှိုကြောင့်ဖြစ်သည့် ကူးစက်ရောဂါမဟုတ်ဘဲ အပင်တွင်း ကယ်လ်ဆီယမ် (Calcium) ဓာတ် ချို့တဲ့ခြင်းကြောင့် ဖြစ်ရသည့် “ဖင်ပုပ်ရောဂါ” (Blossom End Rot) ဖြစ်ပါတယ်။ မြေဆီလွှာအတွင်း ရေသွင်းမှု မမှန်ခြင်း (တအားခြောက်လိုက်၊ တအားစိုလိုက်ဖြစ်ခြင်း) နှင့် နိုက်ထရိုဂျင်ဓာတ် အလွန်အကျွံ များပြားခြင်းတို့ကြောင့် အပင်က ကယ်လ်ဆီယမ်ကို အသီးဆီသို့ ပုံမှန် မသယ်ဆောင်နိုင်ဘဲ အသီးအောက်ခြေတွင် မည်းနက်၍ ချိုင့်ဝင်သော အရေပြားမာကွက်များ ဖြစ်လာရခြင်း ဖြစ်ပါတယ်။ စိုက်ခင်းကို ပြုပြင်ရန်အတွက် လက်ရှိ ပုပ်နေသောအသီးများကို ချက်ချင်းဆွတ်ပစ်ရမည်ဖြစ်ပြီး၊ ရေကို ပုံမှန်သမမျှတစွာ ရေသွင်းပေးခြင်းနှင့် ကယ်လ်ဆီယမ် နိုက်ထရိတ် (Calcium Nitrate) မြေဩဇာ သို့မဟုတ် ဂျစအရွက်ဖျန်းအာဟာရများ၊ဂျစ်ဆမ်မြေဩဇာများ ဖြည့်စွက်ကျွေးခြင်းဖြင့် နောက်ထွက်မည့် အသီးအသစ်များကို ရောဂါကင်းဝေးအောင် ကာကွယ်နိုင်ပါလိမ့်မယ်။

9,744 လွန်ခဲ့သော ၃ ပတ် က

ဟူတ်ဆရာကျေးဇူးအထူးတင်ပါတယ်ဆရယ

348,301 လွန်ခဲ့သော ၃ ပတ် က

ဟုတ်ကဲ့၊ရောဂါမဟုတ်ပါဘူးဗျ၊ မိုးကမရွာတော့ စိုက်ခင်းမြေအစိုဓာတ်ကခြောက်လိုက်စိုလိုက်ဖြစ်ခြင်းနှင့် ကယ်လ်စီယမ်အဟာရချို့တဲ့ခြင်းကြောင့်ဖြစ်တာပါခင်ဗျာ၊ရောဂါမဟုတ်ပါဘူးဗျ

9,744 လွန်ခဲ့သော ၃ ပတ် က

မှိုဆေးကတော့မန်ကိုဇက် တစ်ကြိမ်ပဲဝင်ပေးရသေးတယ်ဆရာ

You

ဆက်စပ်မေးခွန်းများ

ဆရာခင်ဗျ အပင်ငယ်စဥ်တုန်း 18.7.7 မြေသြဇာကျွေးထားပါတယ် အသီးပွင့်ဝင်တုန်းကရှေ့တစ်ပတ်ကပဲ 15 ပတ်လည် ကျွေးထားပါတယ်ဆ...

ဖြေကြားချက် 2 ခု

အသီးသီးအောင်ဘယ်လို့လုပ်ရမလဲ

ဖြေကြားချက် 1 ခု

ခရမ်းချဉ် အသီးကင်းတွေကွဲနေလို့ပါ မြေပြင်ချိန်တုန်းက ကျောက်မူန့်လည်းထည်းထားပါတယ် အသီးပွင့်အားဆေး ကောမက်ထရစ်...

ဖြေကြားချက် 3 ခု

ဆရာ ဒီလိုမျိုးပြဿနာက ပျောက်ကင်းအောင် ထပ်ပြီးမပြန့်ပွားရအောင် တားဆီးလို့ရပါသလားခင်ဗျ ဒါမှမဟုတ် ဒီကောင်တွေက တစ်...

ဖြေကြားချက် 6 ခု

ဆရာရေ လှရဲ့လားဗျာ ဆျာတို့နဲ့ စသိခဲ့တာ ၃ နှစ်ရှိပီ ဆျာတို့ပေးတဲ့အကြံဥာဏ်အတိုင်း လိုက်ပါဆောင်ရွက်တာပါ ဒီနှစ်မှာ...

ဖြေကြားချက် 5 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။