ဖြေကြားချက် ၃ ခု
ပုံပါ ဂန္ဓမာပန်းပင်တွင် ပျပိုး (Chrysanthemum Aphids) အများအပြား ကျရောက်စုပ်စားနေခြင်း ဖြစ်ပါတယ်။ ပုံတွင် ဂန္ဓမာအညွန့်သစ်နှင့် အရွက်နုများတွင် အမည်းရောင် သို့မဟုတ် ညိုမည်းရောင် ပျပိုးအကောင်ငယ်လေးများ စုပြုံပြီး အပင်ရည်ကို စုပ်စားနေသည်ကို အထင်အရှား မြင်တွေ့ရပါတယ်။ ၎င်းတို့သည် အညွန့်သစ်နှင့် အရွက်နုများတွင် စုပြုံ၍ အပင်ရည်ကို စုပ်စားကာ အပင်ကြီးထွားမှုကို တန့်စေပါတယ်။ စိုက်ပျိုးရေးသုတေသန လမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့ပေါင်းစပ်ပိုးမွှားကာကွယ်နှိမ်နင်းနည်း (IPM) စနစ်အရ ပထမဆုံးအနေဖြင့် ပိုးကျနေသော အစိတ်အပိုင်းများကို ဖြတ်တောက်မီးရှို့ခြင်း၊ ရေဖိအားပြင်းပြင်းဖြင့် ဆေးချခြင်းနှင့် အဝါရောင်ကော်ထောင်ချောက်များ သုံးစွဲခြင်းတို့ကို ပြုလုပ်သုံးစွဲလေ့ရှိတယ်။ သဘာဝမိတ်ဆွေပိုးများကို ကာကွယ်စောင့်ရှောက်ပြီး တမာဆေးရည် ကို ဖျန်းပေးနိုင်ပါတယ်။ အကယ်၍ ပိုးကျရောက်မှု အလွန်ဆိုးရွားပါက အီမီဒါကလိုပရစ် (Imidacloprid) သို့မဟုတ် အဆီတာမီပရစ် (Acetamiprid) ကဲ့သို့သော ပင်လုံးပျံ့ဓာတုပိုးသတ်ဆေးများကို အပင်အနှံ့ထိမိအောင် ညနေပိုင်းတွင် ပြောင်းလဲဖျန်းပက်သုံးစွဲလေ့ရှိတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ကရင်ပြည်နယ်ကော့ကရိတ် တဝိုက်မှာ ပန်းစိုက်ခြံများ ရှိကြလားဗျ
ဖြေကြားချက် 1 ခု
ယခင်တစ်ပတ်လောက်က 15ပတ်လည်နဲ့ ပုလဲဓာတ်မြေသြဇာ ရောကြွေးထားပါတယ် သူ့နောက် အမိုင်န်အက်စစ် ဖျန်းထားပါတယ် အပင်ကြီး...
ဖြေကြားချက် 2 ခု
မဂ်လာပါဗျာ ကျွန်တော်ရဲ့ ပန်းစိုက်ခင်းမှာ ပုံပါအတိုင် ပင်ခြေမဲ ပြီး အမြစ်သစ်မထွက်ပဲ နွမ်းလာပါတယ် ခါးခြောက်ပီးသေ...
ဖြေကြားချက် 4 ခု
မွန်ပြည်နယ် မော်လမြိုင်မြို့ သံလွင်မြစ်ဘေးက ကျွန်းမြေတွေမှာစပါးစိုက် ချိန်ပြီးရင် ဘာသီးနှံတွေစိုက်လို့အဆင်ပြေ...
ဖြေကြားချက် 1 ခု
မိုးများပီးပန်းအရွက်တေဒီလိုဖစ်နေလို့ပါ
ဖြေကြားချက် 4 ခု
ရေပန်းစားသော အကြောင်းအရာများ