အခုဆောင်းရာသီအတွက် ခရမ်းချည်စိုက်ချင်လို့ပါ။ ဘယ်လမှာ စစိုက်ပီး ဘယ်လိုမျိုးမျိုးစိုက်သင့်လဲရှင့် မြေပြင်ကို ဘာ...
အခုဆောင်းရာသီအတွက် ခရမ်းချည်စိုက်ချင်လို့ပါ။ ဘယ်လမှာ စစိုက်ပီး ဘယ်လိုမျိုးမျိုးစိုက်သင့်လဲရှင့် မြေပြင်ကို ဘာတွေလုပ်သင့်လဲဆရာ
အခုဆောင်းရာသီအတွက် ခရမ်းချည်စိုက်ချင်လို့ပါ။ ဘယ်လမှာ စစိုက်ပီး ဘယ်လိုမျိုးမျိုးစိုက်သင့်လဲရှင့် မြေပြင်ကို ဘာတွေလုပ်သင့်လဲဆရာ
ကျေးဇူးတင်ပါတယ်ဆရာ
ဆောင်းခရမ်းချဉ်ကို အောင်မြင်စွာစိုက်ပျိုးရန် အကောင်းဆုံးအချိန်မှာ ရာသီဥတုအေးမြစပြုသည့် အောက်တိုဘာလမှ နိုဝင်ဘာလအတွင်း ဖြစ်ပြီး၊ ယခုစက်တင်ဘာလလယ်သည် ပျိုးထောင်ရန် အကောင်းဆုံးပြင်ဆင်ရမည့် အချိန်ဖြစ်ပါတယ်။ မျိုးစေ့ရွေးချယ်ရာတွင် ဒေသတွင်းစျေးကွက်ဝင်ပြီး အဝေးသယ်ဆောင်ဒဏ်ခံနိုင်သောထိုင်ဝမ်စပ်မျိုးများနှင့် တိုင်ထောင်/တိုင်လွတ်မျိုးများကို ရွေးချယ်သင့်ပါတယ်။ မြေပြင်ဆင်ရာတွင် ရေမဝပ်စေရန် အရေးကြီးသဖြင့် မြေကို ၈ လက်မအနက်ရအောင် ညက်နေအောင်ထွန်ပြီး၊ တစ်ဧကလျှင် နွားချေးဆွေး လှည်း ၁၅-၂၀ စီးခန့်နှင့်အတူ အောက်ခံဓာတ်မြေဩဇာ (တီစူပါနှင့် ပိုတက်ရှ်) တို့ကို သမအောင်မွှေပေးရမယ်။ ထို့နောက် ရေစီးရေလာကောင်းမွန်စေရန် အမြင့် ၆ လက်မမှ ၈ လက်မရှိသော စိုက်ဘောင်များစနစ်တကျ ဖော်ပေးရပါမယ်။မျိုးစေ့ကို မျိုးစေ့ဆိုင်များမှာသေချာလေးမေးမြန်းဝယ်ယူပါခင်ဗျာ
ဆက်စပ်မေးခွန်းများ
ဆရာ အခုရက်ပိုင်းမိုင်းကလဲကောင်း ခရမ်းချဥ်ကလဲရောဂါကင်း မှိုရောဂါမဝင်အောင် ဒီဂရန်း 600 နဲ့ မင်းသားအတွဲ နှစ်မျိုး...
ဖြေကြားချက် 7 ခု
ဆရာရေ လှရဲ့လားဗျာ ဆျာတို့နဲ့ စသိခဲ့တာ ၃ နှစ်ရှိပီ ဆျာတို့ပေးတဲ့အကြံဥာဏ်အတိုင်း လိုက်ပါဆောင်ရွက်တာပါ ဒီနှစ်မှာ...
ဖြေကြားချက် 5 ခု
ဆရာ ဒီလိုမျိုးပြဿနာက ပျောက်ကင်းအောင် ထပ်ပြီးမပြန့်ပွားရအောင် တားဆီးလို့ရပါသလားခင်ဗျ ဒါမှမဟုတ် ဒီကောင်တွေက တစ်...
ဖြေကြားချက် 6 ခု
ဆရာခင်ဗျ ခရမ်းချဥ်ခင်းအတွက်ပါ ခရမ်းချဥ်ကတော့အသီးကတော့ အဆုတ်လိုက်တွေ သီးတာဗျ ဒါပေမဲ့ အပင်တက်ကျ နှေးနေလားလို့ဆရာ...
ဖြေကြားချက် 4 ခု
ကလောက်ဒီ sulfur 80% ဆေးထုပ်မှာ ခရမ်းချဉ်ကို ဆေးတပုံး 200gလို့ညွှန်းထားဝာာ အဲတာဖြန်းလို့ရလားဗျ
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။