အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
9,804
လွန်ခဲ့သော ၂ ပတ် က · ချောက်

ဆရာ အခုရက်ပိုင်းမိုင်းကလဲကောင်း ခရမ်းချဥ်ကလဲရောဂါကင်း မှိုရောဂါမဝင်အောင် ဒီဂရန်း 600 နဲ့ မင်းသားအတွဲ နှစ်မျိုး...

ဆရာ အခုရက်ပိုင်းမိုင်းကလဲကောင်း ခရမ်းချဥ်ကလဲရောဂါကင်း မှိုရောဂါမဝင်အောင် ဒီဂရန်း 600 နဲ့ မင်းသားအတွဲ နှစ်မျိုးရောဖျန်းလို့ရပီလားဆရာ ဒီနှစ်တော့ မန်ကိုဇက် တစ်ကြိမ်ပဲ ဝင်ရသေးတယ်ဆရာ မနှစ်ကတုန်းကတော့ အဲ့ နှစ်မျိုးရောဖျန်းတာ အပင်လဲ စိမ်းစိုပီးတက်လာတယ် အပွင့်လဲ လိုက်လာတယ်ဆရာ ဆရာဖျန်းခိုင်းမှဖျန်းမှာပါဆရာ ဆေးကတော့ ကြိုက်လို့ ကြိုဝယ်ထားပါတယ်ဆရာ

ပိုးမွှားရောဂါ ခရမ်းချဉ်
Post image
Post image

ဖြေကြားချက် ၇ ခု

349,542 လွန်ခဲ့သော ၂ ပတ် က
ဤအဖြေဖြင့် ပြေလည်

ဒီဂရန်း ၆၀၀ နှင့် မင်းသားအတွဲကို စိတ်ချလက်ချ ရောဖျန်းနိုင်ပါတယ်ခင်ဗျာ။ ဒီဂရန်း ၆၀၀ (Metiram + Pyraclostrobin) ဟာ ခရမ်းချဉ် လောင်မဲရောဂါနဲ့ အခြားရောဂါများကို ကာကွယ်ကုသပေးတဲ့အပြင် အပင်ကို စိမ်းစိုစေပါတယ်။ မင်းသား (K₂O + CaO) ကတော့ ဆဲလ်နံရံကို ခိုင်မာစေလို့ ဖင်ပုပ်ရောဂါ ကာကွယ်ပြီး အပွင့်အသီး လိုက်စေပါတယ်။ ဆေးနှစ်မျိုးလုံးက ဓာတ်ပြုပြီး အပင်လောင်တာမျိုး မရှိလို့ အခုလို အပွင့်လိုက်ချိန်မှာ ဖျန်းဖို့ အလွန်သင့်တော်ပါတယ်။ ယခင်က မန်ကိုဇက်တစ်ကြိမ်ပဲ ဖျန်းရသေးတာကြောင့် အုပ်စုတူ ဒီဂရန်းကို ဖျန်းနိုင်သော်လည်း၊ နောက်ပိုင်းမှာ ဆေးယဉ်ပါးမှု မဖြစ်အောင် အခြားမှိုသတ်ဆေးအုပ်စုနဲ့ ပြောင်းဖျန်းပေးဖို့ လိုအပ်ပါတယ်။ ဆေးဖျော်စပ်တဲ့အခါ ရေထဲကို ဒီဂရန်း (မှိုသတ်ဆေး) အရင်ထည့်မွှေပြီးမှ မင်းသား (အာဟာရဆေး) ကို ထည့်သွင်းဖျော်စပ်ရမှာ ဖြစ်ပါတယ်။

349,542 လွန်ခဲ့သော ၁ ပတ် က

မှိုသတ်ဆေးပက်ထားပြီးပြီဆိုရင်တော့ ရောဂါကျအရွက်များ ဆက်လက်ပျံ့ပွားလာခြင်းရှိမရှိ အမြဲစောင့်ကြည့်ပါဗျ၊ ဆက်လက်ပျံ့ပွားခြင်းမရှိရင်တော့ မိမိ ပြုစုကျအတိုင်းရေနှင့် အဟာရဖြည့်ပေး‌ရန်လိုအပ်ပါတော့တယ်၊မှိုသတ်ဆေးက ကျွန်တော်ဖြေကြားထားသည့် aiများဖြစ်ဖို့တော့လိုပါတယ်

166 လွန်ခဲ့သော ၁ ပတ် က

ဖြုတ်ဆေးမှိုသတ်ဆေးလည်းပတ်ထားတယ်

349,542 လွန်ခဲ့သော ၁ ပတ် က

စပါးရွက်များ ဝါညိုခြောက်လာခြင်းမှာ ပိုတက်ဆီယမ် (K) ချို့တဲ့မှုဖြစ်ပြီး ၎င်းကြောင့် အပင်ခုခံအားကျကာ စပါးရွက်ညိုပြောက်မှိုရောဂါ တွဲဖက်ကျရောက်နေခြင်း ဖြစ်ပါတယ်။ ထို့ပြင် စပါးခင်း ဝါဖျော့နေခြင်းမှာ နိုက်ထရိုဂျင် (N) အားနည်းခြင်းနှင့် ရေပြတ်လတ်မှုဖြစ်ခဲ့ခြင်းကြောင့် မြေဆီလွှာမှ အာဟာရမစုပ်ယူနိုင်ခြင်းကြောင့် ဖြစ်ပါတယ်။ ၎င်းကို ကုသရန်အတွက် ပိုတက်ဆီယမ် (K) နှင့် ဂျစ်ဆမ် (Gypsum) ကို ပုလဲ (Urea) အနည်းငယ်နှင့် ရောစပ်ကာ မြေကျွေးပေးခြင်း၊ ပိုတက်ဆီယမ်ပါဝင်မှုမြင့်သော ရွက်ဖျန်းမြေသြဇာ ပက်ဖျန်းပေးခြင်းနှင့် ရေမှန်မှန်သွင်းပေးခြင်းတို့ကို ပြုလုပ်ရပါမယ်။ လက်ရှိ စပါးပင်၏ သက်တမ်းနှင့် ယခင်မြေသြဇာကျွေးခဲ့မှု အခြေအနေများကို သိရှိရပါက ပိုမိုတိကျစွာ ဆွေးနွေး ဖြေကြားပေးနိုင်ပါမယ်ခင်ဗျာ၊မိမိကိုယ်ပိုင်ပိုစ့်အသစ်တင်မေးပေးပါ။

166 လွန်ခဲ့သော ၁ ပတ် က

‌ေ

9,804 လွန်ခဲ့သော ၂ ပတ် က

ဟုတ်ကဲ့ပါဆရာကျေးဇူးအထူးပါဆရာ့

349,542 လွန်ခဲ့သော ၂ ပတ် က

ဒီကနေ့အခက်ခဲအချို့ဖြစ်သွားလို့ဖြေပေးတာနောက်ကျသွားပါတယ်၊နားလည်ပေးကြပါဦးခင်ဗျာ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ဆရာရေ လှရဲ့လားဗျာ ဆျာတို့နဲ့ စသိခဲ့တာ ၃ နှစ်ရှိပီ ဆျာတို့ပေးတဲ့အကြံဥာဏ်အတိုင်း လိုက်ပါဆောင်ရွက်တာပါ ဒီနှစ်မှာ...

ဖြေကြားချက် 5 ခု

ဆရာ ဒီလိုမျိုးပြဿနာက ပျောက်ကင်းအောင် ထပ်ပြီးမပြန့်ပွားရအောင် တားဆီးလို့ရပါသလားခင်ဗျ ဒါမှမဟုတ် ဒီကောင်တွေက တစ်...

ဖြေကြားချက် 6 ခု

ဆရာရေ လုပ်ပါအူးဗျ အခုညအပင်တွေ လိုက်ကြည့်ပီး အပင်တွေလဲနေလို့ ပြင်ပေးရင်း အလိုလုံးတွေတွေ့ရတယ်ဆျာ တစ်နှစ်မှမကြုံ...

ဖြေကြားချက် 4 ခု

အခုဆောင်းရာသီအတွက် ခရမ်းချည်စိုက်ချင်လို့ပါ။ ဘယ်လမှာ စစိုက်ပီး ဘယ်လိုမျိုးမျိုးစိုက်သင့်လဲရှင့် မြေပြင်ကို ဘာ...

ဖြေကြားချက် 2 ခု

ဆရာခင်ဗျ ခရမ်းချဥ်ခင်းအတွက်ပါ ခရမ်းချဥ်ကတော့အသီးကတော့ အဆုတ်လိုက်တွေ သီးတာဗျ ဒါပေမဲ့ အပင်တက်ကျ နှေးနေလားလို့ဆရာ...

ဖြေကြားချက် 4 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။