ဖြေကြားချက် ၁ ခု
ရွှေပန်းပင် ၊ငွေပန်းပင်များကို စနစ်တကျ စိုက်ပျိုးရာတွင် အပင်ကြားကို ၄ လက်မမှ ၆ လက်မ နှင့် တစ်တန်းနှင့်တစ်တန်း ကြားကို ၆ လက်မမှ ၈ လက်မ အကွာအဝေး ထားရှိ၍ မျိုးဥများကို မြေအောက်အနက် ၁ လက်မခွဲမှ ၂ လက်မ တွင် မြှုပ်နှံစိုက်ပျိုးရပါမယ်။ ဤအပင်သည် မြေအောက်ဥမှတစ်ဆင့် ဘေးပွားနှုန်း ကောင်းမွန်သောကြောင့် တန်းကြားကို ၆ လက်မထက် ပိုမချန်ဘဲ စိပ်စိပ်စိုက်ပျိုးပေးပါက ပေါင်းမြက်ပေါက်ရောက်မှုကို တားဆီးပေးနိုင်သည့်အပြင် တစ်ဧကလျှင် အပင်ဦးရေ ၈၆,၀၀၀ ဝန်းကျင် အထိ ဝင်ဆန့်ပြီး ပန်းအထွက်နှုန်းကို အကောင်းဆုံး မြှင့်တင်ပေးနိုင်ပါတယ်။
ဆက်စပ်မေးခွန်းများ
ရွှေပန်းပင်ကိုတူးပြီး စိုက်ခင်းထဲမရောက်ခင် အပင်အရိပ်အောက်မှာတစ်လလောက်ထားလို့ရပါသလားခင်ဗျာ ပြီးလျှင်စိုက်ဘောင်...
ဖြေကြားချက် 1 ခု
ရွှေပန်းပင်က အဖို အမရှိပါသလား အိမ်ကပန်းပင်တွေက သူများပန်းတွေလောက်အပွင့်မပွင့်လို့ပါ
ဖြေကြားချက် 2 ခု
ငွေပန်းထွက်လာတဲ့အတက်သေးပီးအပင်တွေမျှင်နေလို့ အပင်တုတ်၊အပင်ကြီးအောင်ဘာဓာတ်မြေဩဇာသုံးရမလဲပုံမှန်၁၅ပတ်လည်တော့သုံး...
ဖြေကြားချက် 1 ခု
ရွှေပန်းငွေပန်းခင်း အမြစ်ကနေဉထိပုပ်ပီးအပင်တွေနွမ်းလာပါတယ် ဘာရောဂါလဲဗျ ထရိုက်ကိုဒါးမားသုံးရင်ရနိုင်မလားသိချင်ပါ...
ဖြေကြားချက် 3 ခု
ခရုခွံကို ကြက်ဥခွံကနေ ကယ်ဆီယမ်ထုတ်သလိုမျိုး လုပ်လို့ရလားဗျ။
ဖြေကြားချက် 1 ခု