အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
583
လွန်ခဲ့သော ၄ ရက် က · တပ်ကုန်း

ပေါ်ဆန်း140/145မျိုး ပျိုးတစ်လနှုတ်ပြီး စိုက်ခင်းပြောင်းရွှေ့စိုက်ထားပါတယ်။ကာစူဂါမိုင်စင်မှိုသတ်ဆေးနဲ့ ကာတက်ပါ...

ပေါ်ဆန်း140/145မျိုး ပျိုးတစ်လနှုတ်ပြီး စိုက်ခင်းပြောင်းရွှေ့စိုက်ထားပါတယ်။ကာစူဂါမိုင်စင်မှိုသတ်ဆေးနဲ့ ကာတက်ပါသောဆေး နှစ်ကြိမ်၊ကာစူဂါမိုင်စင် သီးသန့်တစ်ကြိမ်။ရိန်းဘိုးကုမ္ပဏီက စစ်သူကြီး တစ်ကြိမ်၊ဒီနေ့ ဩဘာက ဖိုင်းရာ50ccထည့်ပြီး ဖျန်းခဲ့ပြီး၊ပိုတက် ကျောက်မှုန့်နဲ့ ပုလဲပါးပါး ကျွေးထားထယ်။ဘာဆက်ဆောင်ရွက်သင့်လညါး အောက်ရွက်နည်းနည်း ခြောက်လို့ပါဗျ။

ပိုးမွှားရောဂါ စပါး
Post image

ဖြေကြားချက် ၁၀ ခု

583 လွန်ခဲ့သော ၄ ရက် က
ဤအဖြေဖြင့် ပြေလည်

ဗြ

583 လွန်ခဲ့သော ၄ ရက် က

ကော့မက်ထရေ့လည်း ဖျန်းပါတယ်

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၄ ရက် က

အာဟာရချို့တဲ့လက္ခဏာနဲ့တူပါတယ်။ ပေါ်ဆန်းအုပ်စုတွေက၊မြေကောင်း၊အာဟာရကောင်းကြိုက်ကြပါတယ်။ ကေဟူးမစ်+၁၅ပတ်လည် ရောကျွေးကြည့်ပါ။

348,948 လွန်ခဲ့သော ၄ ရက် က

@ဦးနေဇော်ငြိမ်း မန့်တွေကများတော့ ပုံက ကြည့်မရဖြစ်နေလို့ပါ၊ ပို့စ်အသစ်တင်ပြီး ထပ်မေးပေးပါဗျ

583 လွန်ခဲ့သော ၄ ရက် က
348,948 လွန်ခဲ့သော ၄ ရက် က

ပျိုးသက်ရောပေါင်းရင် ၃လသားရှိပြီပေါ့၊ ရက်ပေါင်း၉၀ဆိုရင်မှို့ကပ်ချိန်ရောက်တော့မှာမို့ ရေသွင်းရေထုတ်ကြိ ရေဟောင်းရေသစ်လဲပေးရုံသာပြုလုပ်ပေးပါ၊မှို့ကပ်ချိန်နောက်ပိုင်းကစ၍ရေ ပြတ်လပ်လို့မရတော့ပါ။ နောက်၇ရက်လောက်နေရင်‌တော့ Azoxystrobin မှိုသတ်ဆေးတစ်ကြိမ်ဖျန်းချင်ဖျန်းပေးပါ။ နောက်ရက်တွေမှာစပါးပင်ခြေရင်း ရေမျက်နှာပြင်နားက ရွက်ဖုံး သို့မဟုတ် ပင်စည်ခြေရင်း အနာကွက်ပုံစံ ကို အနီးကပ် ရိုက်ပြပေးနိုင်မယ်ဆိုရင် ရောဂါဟုတ်မဟုတ်သေချာစစ်ဆေးပေးနိုင်ပါမယ်။

583 လွန်ခဲ့သော ၄ ရက် က

@သော်ဇင်

583 လွန်ခဲ့သော ၄ ရက် က

၂လသားပါဗြ

348,948 လွန်ခဲ့သော ၄ ရက် က

ပုံပါ ပေါ်ဆန်းစပါးပင်ကို စစ်ဆေးကြည့်ရာတွင် အမြစ်များ ဖွံ့ဖြိုးမှု ကောင်းမွန်နေပြီး၊ ပင်စည်နှင့် ရွက်ဖုံးပိုင်းတွင် သိသာထင်ရှားသော ပုပ်စော်နံခြင်း သို့မဟုတ် ကွက်ကျားအနာကွက်ကြီးများ ဆိုးဆိုးရွားရွား မတွေ့ရသေးပါဘူး။ သို့သော် အောက်ရွက်အနည်းငယ် ခြောက်ရခြင်းမှာ မှိုရောဂါကူးစက်စပြုခြင်း သို့မဟုတ် နိုက်ထရိုဂျင် (ပုလဲ) များပြီး ပိုတက်ဆီယမ်ဓာတ် လိုအပ်နေခြင်း ကြောင့် ဖြစ်နိုင်ပါတယ်။လတ်တလောတွင် ပိုးသတ်ဆေးနှင့် မှိုသတ်ဆေးများကို ခဏခဏ ဖျန်းထားပြီးဖြစ်၍ အပင်ဆေးဒဏ်မပိစေရန် ဖျန်းခြင်းကို ၇ ရက်မှ ၁၀ ရက်အထိ အနည်းဆုံး ရပ်နားထားသင့်ပါတယ်။ အပင်သန်ပြီး ရောဂါဖိတ်ခေါ်သကဲ့သို့ ဖြစ်စေတတ်သော ပုလဲ (ယူရီးယား) မြေဩဇာ ကျွေးခြင်းကို လုံးဝရပ်ဆိုင်းပြီး၊ အပင်ရောဂါဒဏ် ခံနိုင်ရည်တိုးစေရန် ပိုတက်ဆီယမ် (ပိုတက်ရှ်) မြေဩဇာကို ပြောင်းလဲဖြည့်တင်းပေးရပါမယ်။ ထို့ပြင် မှိုပိုးများ ပြန့်ပွားမှုကို တားဆီးရန်အတွက် စိုက်ခင်းထဲတွင် ရေကို အမြဲလှောင်မထားဘဲ ရေ သွင်း- ရေထုတ်စနစ်ကို အသုံးပြုရန် လိုအပ်ပါတယ်။ နောင်တွင် ရောဂါတိုးလာပါက ကာဆူဂါမိုင်စင် အစား ရွက်ဖုံးခြောက်နှင့် ပင်စည်ပုပ်ကို ပိုမိုထိရောက်သော ဟက်ဆာကိုနာဇိုး (Hexaconazole) သို့မဟုတ် အဇိုဆီစထရိုဘင် (Azoxystrobin) ပင်လုံးပျံ့မှိုဆေးကို ပြောင်းသုံးသင့်ပါတယ်။ စပါးပင်ခြေရင်း ရေမျက်နှာပြင်နားက ရွက်ဖုံး သို့မဟုတ် ပင်စည်ခြေရင်း အနာကွက်ပုံစံ ကို အနီးကပ် ရိုက်ပြပေးနိုင်မလားခင်ဗျာ။ အပင်ပြောင်းရွှေ့စိုက်ထားတာ ရက်ပေါင်း ဘယ်လောက် ရှိပြီလဲခင်ဗျာ။

583 လွန်ခဲ့သော ၄ ရက် က

ပြောင်းရွှေ့စိုက်ပျိုးထားတာ ၂လသားရှိပါပြီဗျ။စာကျန်သွားလို့ပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ

ဖြေကြားချက် 2 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သား...

ဖြေကြားချက် 2 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေ...

ဖြေကြားချက် 4 ခု

ဧရာမင်းစပါး ၁၁၀ရက်ရှိပါပြီ အောက်ရွက်ခြေက်နေလို့ ဘာလုပ်သင့်လဲ ပြောပေးပါအုံး မြေဩဇာကျွေးပြီးတာ ရက်သုံးဆယ်ကျော်ပါ...

ဖြေကြားချက် 9 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေး...

ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။