အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Nga Chan
Nga Chan 264
လွန်ခဲ့သော ၁ လ က · မုံရွာ

ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ

ပိုးမွှားရောဂါ ခရမ်းချဉ်
Post image
Post image

ဖြေကြားချက် ၃ ခု

သော်ဇင်
သော်ဇင် 449,994 လွန်ခဲ့သော ၁ လ က

ပုံပါ ခရမ်းချဉ်ပင် ညှိုးရခြင်းမှာ Ralstonia solanacearum ဘက်တီးရီးယားကြောင့် ဖြစ်ပွားသော ခရမ်းချဉ် ဘက်တီးရီးယား ပင်ညှိုးရောဂါ (Bacterial Wilt) ကျရောက်နေခြင်း ဖြစ်ပါတယ်။ ဤရောဂါသည် အပင်၏ အစာရေကြောလိုင်းကို ပိတ်ဆို့ကာ ရေနှင့် အာဟာရဓာတ် မရရှိစေဘဲ နေ့ခင်းဘက်တွင် လျင်မြန်စွာ ညှိုးကျစေပြီး၊ ပင်စည်ကို ဖြတ်၍ ရေကြည်ထဲ စိမ်ကြည့်ပါက နို့နှစ်ရောင် အချွဲများ စိမ့်ထွက်လာတတ်ပါတယ်။ ကုသရန် ခက်ခဲသော မြေဆောင်ရောဂါ ဖြစ်သဖြင့် ရောဂါရအပင်ကို အမြစ်ပါမကျန် နှုတ်ယူ မီးရှို့ဖျက်ဆီးရပါမယ်။ နောက်ရာသီများတွင် ရောဂါကင်းဝေးစေရန် စိုက်ပျိုးရေးသုံး မြေတွင် ထုံးထည့် ပြင်ဆင်ခြင်း၊ ရေသွင်းရေထုတ် ကောင်းမွန်အောင် လုပ်ဆောင်ခြင်း၊ Trichoderma ကဲ့သို့ အကျိုးပြုမှို သုံးစွဲခြင်းနှင့် ခရမ်းမျိုးနွယ်ဝင် မဟုတ်သော သီးနှံများနှင့် ၃ နှစ်ခန့် သီးလှည့်စိုက်ပျိုးခြင်းတို့ကို စနစ်တကျ လုပ်ဆောင်ရပါမယ်။ ရောဂါအစောပိုင်းအဆင့်တွင် (သို့မဟုတ်) ဘေးပတ်ဝန်းကျင်အပင်များကို ကာကွယ်ရန် ကော့ပါးအခြေခံမှိုသတ်ဆေး (Copper Oxychloride) ၊ ဘက်တီးရီးယားသတ်ဆေး (Kasugamycin သို့မဟုတ် Bismerthiazole) Oxolinic acid ကဲ့သို့သော ဆေးဝါးများကို အညွှန်းစာပါအတိုင်း နေအေးချိန်၌ တစ်ပင်လုံးနှံ့စပ်အောင်ပက်ဖျန်းပေးပါ။

Thein Soe Min
Thein Soe Min အတည်ပြုပြီး 328,153 လွန်ခဲ့သော ၁ လ က

စိမ်းညိုးက ဘက်တီးရီးယားကြောင့်ရယ် မှိုကြောင့်ရယ် ၂ မျိုးထဲက တစ်မျိုးကြောင့် ဖြစ်နိုင်တယ်။ အပင်ခြေကို ဓားနဲ့ဖြတ်ပြီး ရေထည့်ထားတဲ့ ဖန်ခွက်ထဲမှာ ထည့်ကြည့်ပါ။ အဖြူရောင်အမျှင်တွေ ဆင်းလာရင် ဘက်တီးရီးယားကြောင့်ဖြစ်ပြီး ဘာမှမမြင်ရရင်တော့ မှိုရောဂါကြောင့်ဖြစ်ပါတယ်။ မှိုအတွက်ကတော့ လောင်မှာဖျန်းတဲ့ မှိုဆေးတွေ သုံးလို့ရပါတယ်။ ဘက်တီးယားအတွက်ကတော့ ဆေးဖျန်းတာထက် ရေမဝပ်အောင်သတိထားတာ၊ ပုလဲလျော့ထည့်တာ၊ မြေချဉ်ငန်ဓာတ်ကို မြှင့်ပေးတာမျိုး လုပ်ပေးဖို့လိုပါတယ်။ ခရမ်းချဥ်အပင်ညှိုးရခြင်းအကြောင်းရင်းများနှင့် ထိန်းသိမ်းနည်းများ(၂) , ခရမ်းချဥ်အပင်ညှိုးရခြင်းအကြောင်းရင်းများနှင့် ထိန်းသိမ်းနည်းများ(၁)

Ko Ko gyi
Ko Ko gyi 38 လွန်ခဲ့သော ၁ လ က

စပါ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ဆရာ ခရမ်းချဥ်ပထမ ပုံလေးကြည့်ပေးပါအူးဆရာ အပင် ၄၀၀ ကျော်မှအဲ့တစ်ပင်ပဲအလိုဆရာ ဆရာ အရင် ၄ ရက်က ဒိုင်ဇီနဲ့ ဆိုင်ပါ...

ဖြေကြားချက် 2 ခု

(အမျိုးအစားမှာ ပင်စိမ်းမတွေ့လို့ ခရမ်းချဉ်ထည့်ထားတာပါ) ပင်စိမ်းပင်အားလုံး အရွက်နုတွေတွန့်လိပ်ပြီး ပိုးတွေ့တယ်။...

ဖြေကြားချက် 1 ခု

trichoderma ဖြန်းပီးနောက်ရက် နွားသေး နွားချေး တမာရွက်ဆေးရည်ဖြန်းလို့ရသလားဗျ အဲ့ဆေးရည်ဖော်စပ်ပီးဘယ်နှစ်ရက်ထိထား...

ဖြေကြားချက် 2 ခု

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်...

ဖြေကြားချက် 1 ခု

ခရမ်းချဉ်ပျိုးတာ5ရက်ရှိပြီအမင်မပေါက်လာသေးလို့ဆရာ/မျှားနီတံဆိပ်

ဖြေကြားချက် 1 ခု

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။