အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဦးဘုန်းမင်းသန့်
လွန်ခဲ့သော ၆ ရက် က · ကျောက်တန်း

ပဲတီစိမ်းစိုက်ခါနီး ကောက်ရိုးကို မီးရှို့သင့်လား မသင့်ဘူးလား

မြေဆီလွှာ ပဲတီစိမ်း
2

ဖြေကြားချက် ၂ ခု

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,119,606 လွန်ခဲ့သော ၆ ရက် က

ပိုးမွှား၊ရောဂါထူပြောစွာကျရောက်ထားတဲ့၊စပါးရိုးပြတ်မဟုတ်ဘူးဆိုရင်၊မီးမရှို့သင့်ပါ။ထယ်ထိုး ထွန်မွှေရခက်လောက်အောင် အခက်အခဲရှိတယ်ဆိုရင်၊အမြန်ဆွေးတဲ့နည်းတွေ သုံးနိုင်ပါတယ်။ အီးအမ်၊ထရိုင်ကိုဒါးမား ဖျန်းပြီး၊အစိုဓာတ်အနေတော်မှာ ထယ်မှောက်ပါ။

သော်ဇင်
သော်ဇင် 364,637 လွန်ခဲ့သော ၆ ရက် က

ပဲတီစိမ်း မစိုက်ပျိုးမီ ကောက်ရိုးများကို မီးမရှို့သင့်ပါဘူး။ မီးရှို့ခြင်းက ရေတိုတွင် မြေပြင်ရလွယ်ကူသော်လည်း ပဲတီစိမ်းအတွက် လိုအပ်သော နိုက်ထရိုဂျင်နှင့် ဆာလဖာကဲ့သို့ အရေးကြီးအာဟာရဓာတ်များကို လေထဲသို့ ဆုံးရှုံးသွားစေသည့်အပြင် မြေဆီလွှာအတွင်းရှိ အကျိုးပြုအဏုဇီဝပိုးမွှားများကို သေဆုံးစေပြီး မြေဆီလွှာကို မာကျောသွားစေပါတယ်။ ယင်းအစား ကောက်ရိုးများကို ခုတ်ဖုံးစနစ်မြေဖုံးအဖြစ်အသုံးပြုခြင်း သို့မဟုတ် ထွန်ယက်မြေမြှုပ်၍ မြေဆွေးပြုလုပ်ခြင်းက မြေဆီလွှာအစိုဓာတ်ကို ထိန်းပေးပြီး ပဲတီစိမ်းအထွက်နှုန်းကို ပိုမိုတိုးတက်ကောင်းမွန်စေပါလိမ့်မယ်။

You

ဆက်စပ်မေးခွန်းများ

ပဲတီစိမ်းစိုက်ထားတာ6ရက်သားရှိပြီးအရွက်၂ဂွက်ထွက်နေပီဘာဆေးသုံးရမလဲအကြံပေးပါအူး

ဖြေကြားချက် 1 ခု

ပဲတီစိမ်းသီးလုံးဖောက်ပိုးတွေကိုဘာဆေးနိင်လဲဗျပြောခဲ့ကြပါအုံး

ဖြေကြားချက် 2 ခု

ပဲတီစိမ်းပင်တွေအမြစ်ဆွေးပြီးငြိုးသေကုန်တာမဖြစ်ရအောင် မြေဆီလွှာကိုဘယ်လိုပြုပြင်ရမလဲ ကျွန်တော့်လယ်တွေမှာ‌ဖြစ်နေ...

ဖြေကြားချက် 4 ခု

ပဲတီစိမ်း ဝါးခမနဲ့မတ်ပဲTBL9ဘယ်တာရေငတ်ဒဏ်ပိုခံပါသလဲခဗျဆရာတိုရာသီဉတုနဲ့ချိန်လုပ်ကမှာမို့ဖြေကြားပေးပါခဗျ🙏🙏🙏

ဖြေကြားချက် 3 ခု

ပဲတီစိမ်း(ဝါးခယ်မ)စိုက်ပျိုးရာတွင် အပင််များအပွင့်ဝင်ချိန်မှ စတင်​သေဆုံးရသည့် အ​ကြောင်းအရင်းကို သိချင်ပါတယ်ခင်...

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။