ဖြေကြားချက် ၁ ခု
ဒူးရင်းပင်အတွက် မြေဩဇာကျွေးရာတွင် အပင်သက်တမ်းနှင့် ကြီးထွားမှုအဆင့်အလိုက် ခွဲခြားကျွေးရပါမယ်။ သက်တမ်း (၁-၃ နှစ်) အပင်ငယ်များအတွက် အမြစ်နှင့်ကိုင်းဖြာမှုကောင်းစေရန် သဘာဝမြေဆွေးနှင့်အတူ နိုက်ထရိုဂျင်မြင့်မားသော NPK 15:15:15 သို့မဟုတ် 16:16:16 ကွန်ပေါင်းမြေဩဇာကို ၃ လတစ်ကြိမ် ကျွေးရပါမယ်။ သက်တမ်း (၄-၅ နှစ်) အပင်လတ်များတွင် ကိုယ်ထည်သန်စွမ်းစေရန် မိုးဦးနှင့်မိုးနှောင်းတစ်နှစ်နှစ်ကြိမ် ကျွေးပါ။ အသက် ၆ နှစ်ထက်ကြီးသော အသီးစားအပင်ကြီးများတွင်မူ ကာလ ၃ ခုခွဲ၍ ကျွေးရပါမယ်။ အသီးခူးပြီးချိန်တွင် အပင်နာလန်ထူစေရန် ပင်ထောင်မြေဩဇာ (15:15:15)၊ အပွင့်မပွင့်မီ ၁ လအလိုတွင် အပွင့်အားကောင်းစေရန် ဖော့စဖရပ်နှင့်ပိုတက်စီယမ်မြင့်သော (8:24:24) နှင့် အသီးကြီးထွားချိန်တွင် အရသာနှင့်အလေးချိန်အတွက် ပိုတက်စီယမ်မြင့်သော (12:12:17+2MgO သို့မဟုတ် 13:13:21) ကို ပြောင်းလဲကျွေးရပါမယ်။ မြေဩဇာကျွေးသည့်အခါ ကိုင်းဖျာကျဆင်းရာဝန်းကျင်တွင် အဝိုင်းလိုက်ကျွေးရမည်ဖြစ်ပြီး ကျွေးပြီးလျှင် ရေဝအောင်လောင်းပေးရန်နှင့် အမြစ်မလောင်စေရန် အထူးသတိပြုရပါမယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဒူးရင်းနဲ့ကြက်မောက် မြေချစိုက်ထားတဲ့ကာလ 1နှစ်သားကျော်ကျော်နဲ့6လသားတွေအတွက် ကျွေးလို့ရမယ့် ဓါတ်မြေသြဇာနဲ့ ဘယ်နလ...
ဖြေကြားချက် 2 ခု
ပုံပါ ပိုးက ဒူးရင်းပင် ပင်စည် အပြင်ခွံတွေ ကိုက်စားနေလို့ပါ ကာကွယ်နှိမ်နင်း နိုင်မည့် ဆေးညွန်းပေးပါဦးခင်ဗျ
ဖြေကြားချက် 3 ခု
ခြံကမြေကြီးမှာပုံထဲကပိုကောင်တွေရှိနေတာအပင်တွေရဲကောင်ကြိုဆိုကြိုသိခြင်ပါတယ်သိတဲဆရာများဖြေးပေကြပါ
ဖြေကြားချက် 1 ခု
ဒူးရင်းအပင်100ဝန်းကျင်အတွက် မြေအောက်ရေထုတ်ယူဖို့ ပထမကတော့ ဓါတ်ဆီအင်ဂျင်နဲ့ air compressorတွဲပြီးအသုံးပြုလို့ရ...
ဖြေကြားချက် 3 ခု
အားလုံးဘဲ မဂ်လာနံနက်ခင်းလေးပါ ကျွန်တော်တို့ အပူပိုင်းဒေသတွေမှာ နှစ်ရှည် သီးပင် စားပင်လေးတွေ ဘာအမျိုးစား စိုက်...
ဖြေကြားချက် 1 ခု