အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
U Yan
U Yan 10,248
လွန်ခဲ့သော ၃ နာရီ က · ချောက်

ဆရာမနက်ဖြန် ခရမ်းချဥ်သီးခူးရက်ဆိူတော့ ဆေးမဖျန်းရသေးဘူး မနက်ဖြန် ညနေလောက်မှ ဖျန်းရမှာဆရာ ဝယ်စားတဲ့သူတွေအန္တရာယ်ဖြစ်မှာစိုးလို့ အဲ့နေ့ထိတော့ရလောက်ပါသေးတယ်နော့ဆျာ သတိမထားမိတာဆရာ အပင်တော်တော်များများမှာ အဲ့အပင်လေးတွေ အဲ့ပုံစံလေးတွေ စဖြစ်နေပီ နောက်ထပ်လေ မန်ကိုဇက် ၂ ကြိမ် ဂရမ်း ၁ ကြိမ် ဒိုင်ဇီ ၁ကြိမ် ပုံမှန်ဝင်ထားပါရဲ့နဲ့ ဘက်တီးရီးယားမဟုတ်ပဲ အဲ့မှို ရောဂါက ဘာကြောင့်ဝင်ရတာလဲဆရာ အချိန်ရရင်ရှင်းပြပေးပါအူးဆရာ

ပိုးမွှားရောဂါ ခရမ်းချဉ်
Post image

ဖြေကြားချက် ၂ ခု

သော်ဇင်
သော်ဇင် 358,857 လွန်ခဲ့သော ၂ နာရီ က
ဤအဖြေဖြင့် ပြေလည်

ခရမ်းချဉ်သီး ခူးဆွတ်ပြီးမှ Metalaxyl ဆေးဖျန်းခြင်းသည် စားသုံးသူအတွက် ပိုမိုဘေးကင်းပါတယ်ခင်ဗျာ။ ဒိုင်ဇီနှင့် ဂရမ်းစသည် မှိုဆေးများ ဖြန်းထားပါလျက်နှင့် နှောင်းပင်နာကျရောဂါ ဖြစ်နေရခြင်းမှာ ၎င်းရောဂါသည် အမှန်တကယ်တွင် မှိုအစစ်မဟုတ်ဘဲ ရေမှိုမျိုးနွယ်ဝင် (Oomycetes) အူးမိုက်စိဖြစ်သောကြောင့် ဆေးမတိုးခြင်း၊ ပင်လုံးပျံ့ဆေးများကို အကြိမ်ကြိမ် သုံးစွဲမိ၍ ဆေးယဉ်ပါးခြင်းနှင့် မိုးများပြီး စိုထိုင်းဆမြင့်မားသော ရာသီဥတုကြောင့် ရောဂါပိုး အဆမတန် ပျံ့နှံ့လွယ်ခြင်းတို့ကြောင့် ဖြစ်ပါတယ်။ ရောဂါထိန်းချုပ်ရန်အတွက် ယခုဖျန်းမည့် Metalaxyl အပြင် ရောဂါမသက်သာပါကနောက်ပိုင်းတွင် Dimethomorph သို့မဟုတ် Cymoxanil ကဲ့သို့သော အူးမိုက်စိမှိုသတ်ဆေးများနှင့် အလှည့်ကျ ပြောင်းလဲဖျန်းပေးရန်၊ နိုက်ထရိုဂျင်မြေဩဇာ လျှော့ချရန်နှင့် ရောဂါရ အရွက်များကို ဆွတ်ခူးဖျက်ဆီးပစ်ရန် အကြံပြုလိုပါတယ်ခင်ဗျာ။ တောင်သူအသုံးပြုထားသည့် မှိုသတ်ဆေးတွေက non- Oomycetesတွေကို အထူးပြုနှိမ်နင်းနိုင်သည့်ဆေးများဖြစ်နေ ပြီး ‌အူးမိုက်စိမှိုရောဂါ‌အပေါ်သက်ရောက်မှုနည်းသည့်ဆေးများဖြစ်နေလို့ပါခင်ဗျာ၊အဓိကတရားခံကရာသီဥတုလည်းပါပါတယ်ခင်ဗျာ

U Yan
U Yan 10,248 လွန်ခဲ့သော ၂ နာရီ က

ဟုတ်ဆရာကျေးဇူးအထူးပါဆရာ့

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ခရမ်းချဥ်ပင်မှာဖြစ်တဲ့ နှောင်းပင်နာကျရောဂါ ၊ ခါးရိရောဂါ ၊ဒေါင်းနီးရွက်ခြောက် ၊ပင်စည်နက်ရောဂါ အတွက် ( Metalaxyl...

ဖြေကြားချက် 2 ခု

ဆရာ ဘက်တီးရီးယားလားဆရာ ကြည့်ပေးပါအူး မှိုးဆေးတော့ ၄ ကြိမ်ရှိနေပီဗျ ဘက်တီးရီးယားဆေးတော့မဝင်ရသေးဘူးဆရာ ဒီနောက်...

ဖြေကြားချက် 10 ခု

မာလာဝတီ ခရမ်းချဉ်မျိုးပါ အခုလိုပုံပါအတိုင်း အပွင့်ရဲ့အဆစ်ကနေဝါပြီး‌ကြွေနေလို့ပါ

ဖြေကြားချက် 4 ခု

ရန်ကုန်နှင့်အနီးတစ်ဝှိက်မှာချယ်ရီခရမ်းချဉ်သီးစိုက်ပျိုးကြပါသလားရှင့်

ဖြေကြားချက် 1 ခု

ဆရာရေ ခရမ်းချဥ်စျေးကတော့ ဒီနှစ်အတွက်စံချိန်သစ်တင်ပါပြီ တစ်ပိသာ 5000 စျေးထိ ဒီနေ့ တက်လာပါတယ်ခင်ဗျ အပင်ရေ 500...

ဖြေကြားချက် 5 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။