အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ခင်ဇော်ဝင်း
လွန်ခဲ့သော ၁ ရက် က · ပင်းတယ

ဆရာခင်ဗျ ပိုင်မီထရိုဇင်း။ အဆီတာမီပရစ် အမိုင်နိုနဲ့ဝိစာကွန်ဘီရောပြီးအလည့်ကျဖြန်းပါတယ်ရောဂါကမရပ်ဘူးဖြစ်နေလို့ပါဆက်ပြီးပြန့်နေတုံးခင်ဗျဘာဆေးတွေနဲ့ဘယ်လိုပြုပြင်သင့်ပါသလည်းဆရာခင်ဗျ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
မည်သည့်အပိုင်း ထိခိုက်သနည်း?
တစ်ပင်လုံး
ပိုးမွှားရောဂါ ခရမ်းချဉ်
Post image
Post image

ဖြေကြားချက် ၄ ခု

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,118,939 လွန်ခဲ့သော ၂၃ နာရီ က

ပိုတက်စီယံများသောမြေဩဇာကျွေးပါ။ ယင်ဖြူ၊ပျ၊လှေး ကာကွယ်ဆေးဖျန်းပါ။ ကုသဖို့ခက်ပါလိမ့်မယ်။

သော်ဇင်
သော်ဇင် 363,758 လွန်ခဲ့သော ၁ ရက် က

ပိုးဆေးသီးသန့်ဖျန်းပေးပါခင်ဗျာ၊ အကောင်လေးတွေရှိမရှိသေချာစစ်ကြည့်ဦး၊ ၅-၇ရက်ခြားဖျန်းပေးပါ၊တခါဖျန်းပြီးတိုင်း ပိုးကောင်ရှိမရှိအမြဲစစ်ဆေးပါခင်ဗျာ

ခင်ဇော်ဝင်း
ခင်ဇော်ဝင်း 892 လွန်ခဲ့သော ၁ ရက် က

အပင်ကောင်းတွေရောထပ်ပြီးပြန့်နေပါတယ်ခင်ဗျပိုးဆေးတမျိုးထဲသီးသန့်ဖြန်းရမှာလားခင်ဗျ

သော်ဇင်
သော်ဇင် 363,758 လွန်ခဲ့သော ၁ ရက် က

ပုံပါ ခရမ်းချဉ်ပင်များသည် TYLCV (ရွက်လိပ်ရွက်ဝါဗိုင်းရပ်စ်) ရောဂါ ကျရောက်နေပြီး ထိပ်ဖျားရွက်သစ်များ ဝါ၍ လိပ်နေကာ ကြီးထွားမှု ရပ်တန့်နေပါသည်။ လက်ရှိသုံးနေသော ပိုးဆေးများ (Pymetrozine, Acetamiprid) သည် ဗိုင်းရပ်စ်ကို တိုက်ရိုက်မသတ်နိုင်ဘဲ သယ်ဆောင်သူ "ယင်ဖြူ" ကိုသာ နှိမ်နင်းနိုင်ခြင်း ဖြစ်ပြီး၊ အားဆေး (Amino acid) ဖျန်းခြင်းသည် ဗိုင်းရပ်စ်ကို ပိုမိုပွားများစေနိုင်၍ ရောဂါမရပ်တန့်ခြင်း ဖြစ်ပါတယ်။ ထို့ကြောင့် ရောဂါရအပင်များကို နှုတ်ယူမီးရှို့ဖျက်ဆီးပစ်ရန်နှင့် ယင်ဖြူများ ပိုးယဉ်ပါးမှုမဖြစ်စေရန် Spirotetramat သို့မဟုတ် Dinotefuran စသည့် ဆေးအုပ်စုအသစ်များဖြင့် လှည့်ပြောင်းပက်ဖျန်းရန် လိုအပ်ပါတယ်။ ရောဂါထိန်းချုပ်မှုကို ပိုမိုတိကျစေရန်အတွက် အဆိုပါ "ရောဂါပျံ့နှံ့မှု" သည် ရောဂါရပြီးသား အပင်ဟောင်းများတွင် ပိုမိုဆိုးရွားလာခြင်းလား၊ သို့မဟုတ် အကောင်းပင်အသစ်များသို့ပါ ထပ်မံကူးစက်နေခြင်းလား ဆိုသည်ကို မေးမြန်း အတည်ပြုပါစေခင်ဗျာ။ လက်ရှိ စိုက်ခင်းထဲမှာ ယင်ဖြူ (အကောင်သေးသေး အဖြူလေးများ) ပျံသန်းနေတာ တွေ့ရသေးလားခင်ဗျာ? ရောဂါကျပြီးသားအပင်ကတော့ ဗိုင်းရပ်စ်ရောဂါဖြစ်လို့လုံးဝကုမရပါခင်ဗျာ၊

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။