အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
နံပတ်2
လွန်ခဲ့သော ၈ နာရီ က · ပြည်

ပိုးသတ်းဆေး အလန်း ပိုးသတ်ဆေးနဲ့ အသီး ဥ အားဆေး အားမြန် တွဲဖြန်းလို့ ရပါသလား ခင်ဗျ အ

အပင်အာဟာရ မြေပဲ

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 364,637 လွန်ခဲ့သော ၇ နာရီ က
ဤအဖြေဖြင့် ပြေလည်

Emamectin Benzoate ၅% နှင့် Lambda Cyhalothrin ၁၀% ပါဝင်သော အလန်းပိုးသတ်ဆေးကို အသီး၊ အပွင့်၊ ဥအားဆေးများနှင့် တွဲဖျန်းနိုင်ပါတယ်။ သို့သော် ဆေးဖျော်စပ်ရာတွင် ဓာတ်မပြုစေရန် အမှုန့် သို့မဟုတ် ဆေးခဲပုံစံများကို ရေတွင် အရင်ဦးဆုံး သီးခြားစီ ဖျော်စပ်ပြီးမှသာ အားဆေးရည်နှင့် ပိုးသတ်ဆေးရည်တို့ကို ဖျန်းပုံးထဲသို့ တစ်ခုချင်းစီ ထည့်သွင်းရပါမယ်။ နေရောင်ခြည်ဒဏ်ကြောင့် ဆေးအာနိသင် လျော့ပါးခြင်းနှင့် အပင်ဆေးလောင်ခြင်းတို့မှ ကာကွယ်ရန် ညနေစောင်း နေအေးချိန်တွင် ပက်ဖျန်းပေးခြင်းက အကောင်းဆုံးဖြစ်ပြီး မန်ကိုဇက် သို့မဟုတ် ကယ်လ်စီယမ်ကဲ့သို့ အယ်လ်ကာလိုင်းဓာတ် မြင့်မားသော ဆေးများနှင့် တွဲဖျန်းခြင်းကိုမူ လုံးဝရှောင်ကြဉ်ရပါမယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။