အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
နံပတ်2
လွန်ခဲ့သော ၅၀ မိနစ် က · ပြည်

မြေပဲ မိုးဦးကျစိုက်ရင် မြေပဲတေက ပဲ၀မ်းကျဖြစ်နေလို့ အဆေ့တေက စမ်းပဲမဟုတ်ပဲနဲ့ နီကျောင်ကျောင်တေ ၊ဆောင်းပဲကျ ပုံမှန်ပဲ ဘာပြုလို့လဲ

မြေဆီလွှာ မြေပဲ

ဖြေကြားချက် ၃ ခု

သော်ဇင်
သော်ဇင် 360,748 လွန်ခဲ့သော ၁၉ မိနစ် က

မြေပဲ မိုးဦးစိုက်ချိန်တွင် ပဲဝမ်းကျပြီး နီကျောင်ကျောင် ဖြစ်သွားရခြင်းမှာ မိုးရွာသွန်းမှုကြောင့် မြေတွင်းအစိုဓာတ် လွန်ကဲပြီး ရေဝပ်ကာ မြေဆောင်မှိုပိုးများ (ဥပမာ - သီးတောင့်ပုပ်၊ ပင်ခြေပုပ်မှိုများ) ပြင်းထန်စွာ ကျရောက်ခြင်းနှင့် မိုးရေကြောင့် မြေဆီလွှာထဲရှိ ကယ်လ်ဆီယမ် လျှော့ပါးသွားခြင်း ကြောင့် ဖြစ်တာပါ။ ဆောင်းရာသီတွင်မူ ရာသီဥတု ခြောက်သွေ့ပြီး မြေတွင်းအစိုဓာတ် မျှတကာ လေဝင်လေထွက်ကောင်းသဖြင့် မှိုပိုးများ မပွားများနိုင်ဘဲ ပုံမှန်အတိုင်း အောင်မြင်တာပါ။ ယင်းကို ကာကွယ်ရန် မိုးဦးစိုက်ပျိုးချိန်တွင် ရေနုတ်မြောင်း ကောင်းမွန်စွာ ဖောက်ခြင်း၊ စိုက်ခင်းပြင်ချိန်တွင် ထရိုင်ကိုဒါးမား သုံးခြင်း၊ မျိုးစေ့ကို မှိုသတ်ဆေး လူးနယ်စိုက်ပျိုးခြင်းနှင့် ပဲစွယ်ဆင်းချိန်တွင် ဂျစ်ပဆမ် (Gypsum) ထည့်သွင်းပေးခြင်းတို့ကို ဆောင်ရွက်ရပါမယ်

နံပတ်2
နံပတ်2 695 လွန်ခဲ့သော ၃၇ မိနစ် က

ဒီဘက် အခေါ်ပေါ့ မတူတာနေမယ် မြေပဲ အဆေ့တေက စမ်းပဲရောင် ဖြစ်နေတာ

Thein Soe Min
Thein Soe Min အတည်ပြုပြီး 324,410 လွန်ခဲ့သော ၄၀ မိနစ် က

ပဲဝမ်းကျဆိုတာလေးကို ရှင်းပြပေးပါလား? ဘယ်လိုပုံစံမျိုးကို ပြောတာလဲဗျ?

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။