အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
Sawsamson
Sawsamson 389
လွန်ခဲ့သော ၇ နာရီ က · ထန်းတပင်

မတ်ပဲတစ်ဧကိုအပင်ဦးရေ၁၅၀၀၀၀ကနေ၂၀၀၀၀၀ ရှိရမယ်ဆိုတာဟုတ်လား ဒါဆိုမတ်ပဲ၆ပြည်ကြဲရင်လုံလောက်တာပေါ့ ၁၂ပြည်ဆိုရင် ၄သိန်းအထိရှိသွားမှာပေါ့

စိုက်ပျိုးနည်း မတ်ပဲ

ဖြေကြားချက် ၇ ခု

သော်ဇင်
သော်ဇင် 364,637 လွန်ခဲ့သော ၇ နာရီ က
ဤအဖြေဖြင့် ပြေလည်

မတ်ပဲတစ်ဧကတွင် လိုအပ်သောအပင်ဦးရေ၁ သိန်းခွဲမှ ၂ သိန်းကြားရရှိရန်အတွက် မတ်ပဲ (၆) ပြည် ကြဲပက်စိုက်ပျိုးခြင်းသည် အစေ့အရေအတွက် ၂သိန်းကျော် ပါဝင်သဖြင့် လုံလောက်မှုရှိပြီး အပင်ပေါက်နှုန်းနှင့် အပင်သေနှုန်းတို့ကို ကာမိစေပါတယ်။ မေးခွန်းရှင် တွက်ချက်ထားသော (၁၂) ပြည်တွင် မျိုးစေ့အရေအတွက်သည် ၄ သိန်း အထိ ပါဝင်နေသောကြောင့် (၁၂) ပြည် ကြဲပါက အပင်များ အရမ်းစိပ်ပါမယ်။သို့သော် အတန်းလိုက်စိူက်ပျိုးနည်းစနစ်ဖြင့်စိုက်ပျိုးမည်ဆိုပါက ၆-၈ပြည်နှူန်းဖြင့်အသုံးပြုလို့ရပါတယ်၊ကြဲပက်စိုက်ပျိုးမည်ဆိုပါက အနည်းဆုံး ၁၂ပြည်မှစိတ်ချရပါမယ်

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,119,606 လွန်ခဲ့သော ၆ နာရီ က

အပင်ဦးရေ ၁သိန်းခွဲ နဲ့တွက်တာပါ။

ကိုအောင်မျိုး
ကိုအောင်မျိုး 332 လွန်ခဲ့သော ၆ နာရီ က

မျိုးမှန် ရာသီမှန် မြေယာမြေမှန်ရင်မလွဲပါဘူး ဆေးပါတွဲရင်အိုတအားပဲဗျို့

Sawsamson
Sawsamson 389 လွန်ခဲ့သော ၇ နာရီ က

@ဒို့ဦး​လေး အပင်ဦးရေ ၂၀၀၀၀၀နဲ့တွက်ထားတာလားဆရာ

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,119,606 လွန်ခဲ့သော ၇ နာရီ က

တစေ့တပင်ပေါက်၊တပင်ပေါက်ပြီး၊၁၀တောင့်သီးရင်၊တဧက=၁၀တင်း။အတောင့်၂၀သီးရင် ၊တင်း၂၀(အကြမ်းဖျဉ်း)ခန့်မှန်းနိုင်ပါတယ်။ ပိုးကိုက်၊လောက်စား၊အသေပျောက်များလို့ ပိုကြဲကြပါတယ်။

Sawsamson
Sawsamson 389 လွန်ခဲ့သော ၇ နာရီ က

@သော်ဇင် ဘာကြောင့်လဲ

Sawsamson
Sawsamson 389 လွန်ခဲ့သော ၇ နာရီ က

ဘာကြောင့်လဲ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။