အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
‌ကိုအောင်မြင့်မြတ်
လွန်ခဲ့သော ၁ နာရီ က · မြန်အောင်

ဆရာရေအီးအမ်နဲ့ထရိုက်ကိုဒါးမားကိုပဲမကြဲခင်ရိုးဖြတ်ကိုဖြန်းခြင်းအားဖြင့်ရွေးချယ်မဲ့မြဖန်းပဲရလားခဗျ။ဖြန်းပြိးဘယ်နရက်လောက်စောင့်ရမလဲခဗျပဲကြဲဖို့။တဧကနုန်းထားလေးပါရှင်းပြပေးပါ။စာရှည်လို့တောင်းပန်ပါတယ်ခဗျကူညီဖြေကြးပေးပါ🙏🙏🙏

မြေဆီလွှာ ပဲတီစိမ်း

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 365,728 လွန်ခဲ့သော ၉ မိနစ် က

ပဲတီစိမ်း မစိုက်ပျိုးမီ ရိုးပြတ်နှင့် ကောက်ရိုးများ ဆွေးမြည့်စေရန် အီးအမ်နှင့် ထရိုင်ကိုဒါးမား တွဲစပ်ပက်ဖြန်းပြီးနောက် အနည်းဆုံး ၇ ရက်မှ ၁၀ ရက်ခန့် စောင့်ဆိုင်းပြီးမှ ပဲကြဲသင့်ပါတယ်။ အကြောင်းမှာ အဏုဇီဝရုပ်များ ကောက်ရိုးခြေဖျက်ချိန်တွင် ထွက်ရှိလာသော အပူဓာတ်ကြောင့် ပဲမျိုးစေ့များ အပင်မပေါက်ခြင်းနှင့် အပင်နုလောင်ခြင်းတို့ကို ကာကွယ်ရန် ဖြစ်တယ်။ ဆေးနှုန်းထားကို ဝယ်ယူထားသည့် ဗူး/အထုပ်ပါ အညွှန်းအတိုင်း တိကျစွာ သုံးစွဲရမည်ဖြစ်ပြီး၊ ပဲတီစိမ်းမျိုးစေ့ နှုန်းထားမှာ မြေပြင်အနေအထားအရ တစ်ဧကလျှင် အတန်းလိုက် စိုက်ပျိုးခြင်း (မိုးကြို/မိုးနှောင်း) တွင် တစ်ဧကလျှင် ၆ ပြည်မှ ၈ ပြည် အထိ အသုံးပြုရတယ်။ သီးနှံကြဲခင်းစနစ် တွင်မူ တစ်ဧကလျှင် ၆ ပြည်မှ ၈ ပြည် (သို့မဟုတ် မြေအစိုဓာတ်ပေါ် မူတည်၍ မြေအစိုဓာတ်နည်းပါက ၁၀ ပြည်မှ ၁၂ ပြည် အထိ) ပိုမို အသုံးပြုကြရတယ်။မိမိကိုယ်တိုင်ချင့်ချိန်စဉ်းစားနိုင်ပါတယ်ဗျ။

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။