ဖြေကြားချက် ၂ ခု
လိုရမယ်ရ ရေသွင်းလို့ရနိုင်ရင်တော့ ရေသွင်းထားတာ ကောင်းပါတယ်။ မြေကြီးအစိုဓာတ်က စပါးနို့ရည်ခဲ့တဲ့အထိ ရှိနေနိုင်မယ်ဆိုရင်တော့ သိပ်စိတ်မပူပါနဲ့။ ကျွန်တော် ရခိုင်မှာ စိုက်ခဲ့တုန်းက အဲဒီလိုအခြေနေမျိုး ကြုံခဲ့ဖူးပါတယ်။ အနှံပြူစမှာ မိုးပြတ်သွားပေမယ့် မြေကြီးအစိုဓာတ်က အလုံလောက်ရှိခဲ့တာမို့ အထွက်က ခန့်မှန်းထားတဲ့နှုန်းအတိုင်း ထွက်ခဲ့ပါတယ်ဗျ။
စပါးအနှံထွက်စပြုချိန်နှင့် ပန်းပွင့်ချိန်သည် စပါးပင်သက်တမ်းတစ်လျှောက် ရေဓာတ်ကို အလိုအပ်ဆုံးနှင့် အထိခိုက်မခံဆုံး အရေးကြီးဆုံးအချိန် ဖြစ်ပါတယ်။ ဤအချိန်တွင် မြေကြီးပက်ကြားအက်သည်အထိ ရေပြတ်လပ်သွားပါက စပါးပန်းပွင့်မှုနှင့် သန္ဓေအောင်မှုကို ဆိုးရွားစွာ ထိခိုက်စေသဖြင့် စပါးစေ့များ အဆန်မတည်တော့ဘဲ စပါးအဖျင်း ရာခိုင်နှုန်း အဆမတန် များပြားသွားပါလိမ့်မယ်။ ထို့ပြင် စပါးနှံများ အရွက်ဖုံးအတွင်းမှ ကောင်းစွာ မရုန်းထွက်နိုင်ခြင်းနှင့် ဆန်ကြိတ်လျှင် ဆန်ကွဲအထွက်များခြင်းတို့ ဖြစ်တတ်သောကြောင့် စိုက်ခင်းအတွင်းသို့ အမြန်ဆုံး ရေသွင်းပေးရန် နှင့် ရေငတ်ဒဏ်ကြောင့် အမြစ်မှ အာဟာရစုပ်ယူမှု လျော့နည်းသွားနိုင်သဖြင့် အပင်အစာချက်လုပ်မှုကို အမြန်ပြန်လည်ကောင်းမွန်စေရန် ပိုတက်စီယမ် (Potassium/K) ပါဝင်မှုမြင့်မားသော ရွက်ဖျန်းမြေသြဇာ သို့မဟုတ် အမိုင်နိုအက်ဆစ် (Amino Acid) တို့ကို ဖျန်းပေးခြင်းဖြင့် စပါးအဆန်ပြည့်အောင် ကူညီပေးနိုင်ပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
စပါးကျဲခင်း၁၀ရက်သားဘယ်ပေါင်းသက်ဆေးသုံးရမလဲ။
ဖြေကြားချက် 1 ခု
ရွက်ဖျားတွေခြောက်နေလို့ပါ။ဘာဆေးသုံးပေးရမလည်း
ဖြေကြားချက် 3 ခု
မိုးကုန်ပီလား ရွာနိင်ခြေ ရှိသေးလား ပဲခူး လယ်တေက အခုမှ အဖုံးအလုံး ရှိသေးလို့ဗျ
ဖြေကြားချက် 1 ခု
ဘာပိုးကျတာလဲခင်ဗျာမှိုရောဂါဖစ်တာလားခင်ဗျာ
ဖြေကြားချက် 2 ခု
10. လပိုင်း 15. 16. မျိုးချချင်လို့။ မိုးလေဝသနဲ့။ ပျိုးရက်ကောင်းလားဆရာ။ ဖြေပေးပါအုန်း။ ကျေးဇူးပြုပီး
ဖြေကြားချက် 7 ခု