အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
ပြည့်စုံအောင်
လွန်ခဲ့သော ၁ ရက် က · ဒိုက်ဦး

တောင်သူ ဦးကြီးတို့ခဗျ ကျွန်တော့်လယ်မှာကျရောက်နေပါတယ် ဘာရောဂါလဲဘာဆေးဖြန်းရမလဲ မျှဝေပေးပါအုံးဗျ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၇၀ ရက်
စိုက်ပျိုး ရေ စပါး
Post image
Post image

ဖြေကြားချက် ၂ ခု

သော်ဇင်
သော်ဇင် 385,159 လွန်ခဲ့သော ၁ ရက် က
ဤအဖြေဖြင့် ပြေလည်

ပုံပါလက္ခဏာများသည် စပါးရွက်ဖုံးခြောက်ရောဂါ (Rice Sheath Blight) ကျ နေတာပါ။ စပါးပင်ခြေတွင် မြွေပွေးကွက်ကဲ့သို့ ရေစိုနာကွက်များဖြစ်ပေါ်ပြီး အရွက်များခြောက်သွေ့စေကာ အထွက်နှုန်းကို ၅၀% ထိ လျော့ကျစေနိုင်ပါတယ်။ ကာကွယ်ရန် ယူရီးယားမြေဩဇာကျွေးခြင်းကို ခေတ္တရပ်နား၍ လယ်ကွင်းအတွင်း ရေကို ၃ ရက်မှ ၅ ရက်ခန့် ထုတ်ပစ်ပါ၊ ပိုတက်ရှ်မြေဩဇာ ကျွေးပေးပါ။ ရောဂါပြင်းထန်ပါက အဇိုဆီစထရိုဘင် (Azoxystrobin) ပရိုပီကိုနာဇိုးလ်(Propiconazole) ဟက်ဆာကိုနာဇိုးလ် (Hexaconazole) ထရိုင်ဖလိုဆီစထရိုဘင် + တီဗျူကိုနာဇိုးလ်(Trifloxystrobin + Tebuconazole) ကဲ့သို့သော မှိုသတ်ဆေးတစ်မျိုးမျိုးကို အပင်ခြေအထိ နှံ့စပ်အောင် ပက်ဖျန်းနှိမ်နင်းရပါမယ်။ ဆေးဖျန်းသည့်အခါ ဆေးရည်သည် အပင်အောက်ခြေ ရေမျက်နှာပြင်အထက်ရှိ ရွက်ဖုံးများအထိ နှံ့စပ်အောင် သေချာဂရုစိုက် ပက်ဖျန်းပေးဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီးနောက် အရွက်သစ်များသိူ့ ဆက်လက်ကူးစက်ပျံ့ပွားခြင်းရှိမရှိအမြဲစစ်ဆေးပေးပါ။

U Mg Mg Htwe
U Mg Mg Htwe အတည်ပြုပြီး 219,106 လွန်ခဲ့သော ၂၀ နာရီ က

စပါးရွက်ဖုံးချောကိရေါကာကမဌိုသတ်ဆေးတစ်မျိုးထဲနဲကာကွကွယ်ရန်ခက်တယ် IPM တို့အစေ့ဆေးစီရင်တာတို့ရေထုက်တာတို့ကြိုတင်မှိုသတ်ဆောဖျန်းတာတို့လိုပြုလုပ်ရပါမယ်ရောဂါကူးစေတဲ့pseudo monas မှိုမျိုူပွားအင်္ဂါကရေပေါ်မျောပြီးအချာူအပင်မျာယကိုကူးစက်သည် Hesaconizol / တိုလိုမှိုသတ်ဆေးနဲ့ကုသပါ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။