အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မနွယ်
လွန်ခဲ့သော ၂ နာရီ က

ဘိုကာရှီ မြေဆွေးအိတ်တွေမှာပါလေ့ရှိတဲ့ ပါ၀င်ပစ္စည်းတွေထဲမှာ C:N ratio အကြောင်းလေးသိချင်လို့ပါရှင့်။ C:N ratio နည်းတာကောင်းတာလား၊များတာကောင်းတာလားရှင့်

စိုက်ပျိုး ဗဟုသုတ ကော်ဖီ
Post image

ဖြေကြားချက် ၂ ခု

သော်ဇင်
သော်ဇင် 383,686 လွန်ခဲ့သော ၁ နာရီ က

C:N ratio ဆိုသည်မှာ မြေဆွေးထဲတွင် ပါဝင်သော ကာဗွန် (အဏုဇီဝပိုးမွှားများအတွက် စွမ်းအင်) နှင့် နိုက်ထရိုဂျင် (ပရိုတင်းတည်ဆောက်ရန် အာဟာရ) တို့၏ အချိုးအစား ဖြစ်ပါတယ်။ မြေဆွေးအိတ်များတွင် ဤအချိုးအစား နည်းခြင်း (နိမ့်ခြင်း) က ပိုမိုကောင်းမွန်ပြီး၊ စိုက်ပျိုးရေးအတွက် အကောင်းဆုံးစံနှုန်းထားမှာ ၂၄:၁ မှ ၃၀:၁ ကြားဝန်းကျင် ဖြစ်တယ်။ အချိုးအစားနည်းပါက အဏုဇီဝပိုးမွှားများက မြေဆွေးကို လျင်မြန်စွာခြေဖျက်နိုင်ပြီး အပင်အတွက် လိုအပ်သော နိုက်ထရိုဂျင်အာဟာရကို ချက်ချင်းစုပ်ယူရရှိစေတယ်။ အကယ်၍ C:N ratio များလွန်းပါက (၃၀:၁ အထက်) အဏုဇီဝပိုးများက ကာဗွန်ကိုခြေဖျက်ရန် မြေဆီလွှာထဲရှိ နိုက်ထရိုဂျင်ကို လုယူသုံးစွဲပစ်သဖြင့် အပင်တွင် အာဟာရပြတ်တောက်ကာ အရွက်များဝါပြီး ကြီးထွားမှုရပ်တန့်သွားတတ်တယ်။

Thein Soe Min
Thein Soe Min အတည်ပြုပြီး 325,264 လွန်ခဲ့သော ၂ နာရီ က

သင့်တော်တဲ့အချိုးပမာဏရှိပါတယ်။ အဲဒီထဲဝင်အောင် ညှိပေးနိုင်ဖို့ အရေးကြီးပါတယ်။ C:N အချိုးက ၂၄:၁ ကနေ ၃၀:၁ ကြားကာလက အကောင်းဆုံးပါ။ ကာဗွန်က အဏုဇီဝပိုးတွေအတွက် စွမ်းအင်ကို ရရှိစေပြီး အဏုဇီဝတွေ ခန္ဓာကိုယ်တည်ဆောက်ဖို့နဲ့ ပွားများဖို့အတွက်က နိုက်ထရိုဂျင်ဓာတ် လိုအပ်ပါတယ်။ ကာဗွန်အရမ်းများလွန်းရင် မြေဆွေးပုံရာမှာ ဆွေးမြေ့ဖို့ကြာတတ်ပါတယ်။ စိုက်ခင်းထဲထည့်မယ်ဆိုရင်လည်း အပင်စားမယ့် နိုက်ထရိုဂျင်တွေကို အဏုဇီဝပိုးတွေက ပြန်လုယူစားသုံးနေတာမျိုး ဖြစ်နိုင်ပါတယ်။ နိုက်ထရိုဂျင်ဓာတ်များနေမယ်ဆိုရင် အမ်မိုနီးယားဓာတ်ငွေ့ အဖြစ် လေထုထဲသို့ ပျံလွင့်သွားပြီး အနံ့ဆိုးများ ထွက်ပေါ်စေသည်။ ကိုယ်တိုင်မြေဆွေးပုံမယ်ဆိုရင်တော့ ဒီအချိုးတွေကို လေ့လာနိုင်ပါတယ်။ မြေဆွေးကုန်ကြမ်းအမျိုးအစားအလိုက် ကာဗွန်/နိုက်ထရိုဂျင်အချိုးများ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။